မနက်စာစားပြီး ဆေးခန်းစဖွင့်ကြသည်။

"Beak မနက်အစောကြီးထရတာ မပင်ပန်းဘူးလား
ဒီမှာဘဲ လာအိပ်ပါလား"

"အဖွားတစ်ယောက်ဘဲ ဖြစ်မှာပေါ့ မပင်ပန်းပါဘူး ရတယ်"

"အွန်းးးးအဖွားကို ဆေးပုံမှန်တိုက်နော် "

"အွန်းပါ "

အဖွားက Yeolနဲ့ ပြကြည့်လိုက်တော့ ပန်းနာရင်ကျက် ဖြစ်နေတာတဲ့လေ.....yeolကတော့ ဖြစ်နိုင်ရင် ဆိုးလ်မှာ ကုေးချင်ပင်မယ့် အဖွားကလဲ လုံးဝမသွားပေ။အဲ့တာကြောင့် Yeolပေးတဲ့ ဆေးတွေကိုသာ သေချာ တိုက်ရသည်။

"ဆရာဝန်လေးက တော်လိုက်တာနော်"

"ဟုတ်ပါ့ သူရှိနေလို့ပေါ့ မဟုတ်ရင် ကျုပ်တို့ရွာ ကျန်းမာရေးကိစ္စ ခက်ခဲမှာ"

"ဟုတ်ပါ့တော်ရေ ဆရာဝန်လေး ရှိနေလို့ အခုလို အလွယ်တကူ ဆေးခန်းပြနိုင်တာ အရင်ကဆို ဖြစ်လဲ ကြိတ်ခံနေရတာ"

ဆေးခန်းပြဖို့ အလှည့်စောင့်ရင်း Yeolကို ချီးကျူးနေကြတဲ့ ရွာသားတွေကြောင့် Beak ဂုဏ်ယူမိသည်။ဒီလိုယောကျာ်းမျိုးက ငါ့ကိုချစ်ပေးသလို ငါကလဲ ချစ်သည်။

"ဆရာဝန်လေး ဒီတနင်္ဂနွေ အိမ်မှာ ညစာ လာစားပါအုံးတော် .....သမီးလေးရဲ့ လက်ရာက သိပ်ကောင်းတာ ဆရာဝန်လေးကို ကျွေးချင်လို့ပါ"

ဝူကုန်သည်ကတော်က သူ့သမီးအတွက် မြောင်းဖောက်နေသည်။သူ့သမီးကတော့ ရှက်နေသည့် အနေအထားဖြင့် အမေကလဲ ဘာညာ ပြောနေသည်။

"ရပါတယ် အန်တီရယ် အားနာစရာကြီး"

"ဘာအားနာစရာရှိတုန်း......သမီးလေးကလေ တစ်နေ့ တစ်နေ့ ဆရာဝန်လေးက ဘယ်လိုတော်တာ ဘယ်လိုစိတ်ကောင်းတာ အမြဲ အိမ်မှာပြောနေတာ"

Beak စိတ်ထဲ သိပ်မကြည်ချင်တော့ပေ။Yeolကလဲ ဘာလို့စကားလက်ခံပြောပေးနေလဲ မသိဘူး.......

"ကျေးဇူးတင်ပါတယ် စေတနာကိုဘဲ လက်ခံပါရစေနော်....
ဒီတနင်္ဂနွေက ကျွန်တော့် ချစ်သူနဲ့ ချိန်းထားလို့ပါ"

"ရှင်....ဆရာဝန်လေးက ရည်းစားရှိတာလား"

ငြိမ်နေတဲ့ ဝူကုန်သည် သမီးက အသည်းအသန်ဝင်မေးသည်။

ပင်လယ်ဖျံလေးရဲ့ ဒေါက်တာWhere stories live. Discover now