အခန်း - ၁

ابدأ من البداية
                                    

ချန်ခေါ့က လေးဘက်လေးတန်ကို ကြည့်ကြည့်လိုက်၏။ ယခုအချိန်တွင် လူကတော့ အတော်များပြားနေသည်။ ဥဒဟိုသွားလာနေကြသောလူများသည် လေတိုက်ရင်း လွင့်မျောနေသော ရွက်ဝါများကြား ခြေလှမ်းသွက်သွက်ဖြင့် ဖြတ်သန်းသွားလာနေကြသည်။

သူသည် အမြဲတမ်းပင် အားလပ်နေခဲ့သည်။ လူများ လမ်းပေါ်တွင် သွားလာနေရင်း အခြားလူများကို တစ်ချက်တောင် ဝေ့မကြည့်နိုင်ကြသည့် ဤကဲ့သို့သောအနေအထားကိုလည်း သူ့အနေဖြင့် လုံး၀ နားမလည်နိုင်ပေ။

ငါးမိနစ်ခန့် ကြာသွားပြီးနောက်တွင်တော့ သူသည် ဆေးလိပ်ဖင်စီခံကို လွှင့်ပစ်လိုက်ခါစ ကောင်လေးတစ်ယောက်နှင့် စက္ကန့်ပိုင်းခန့် အကြည့်ချင်း ဆုံသွားကြသည်။

"ဘရို၊ မီးခြစ်လေး ခဏလောက် ငှားလို့ရမလား"

"အင်း"

ကောင်လေးက မီးခြစ်ကို ယူထုတ်လာသည်။

ချပ်...။

ချပ်...။

ချပ်...။

ချပ်...။

ထိုကောင်လေးက စိတ်နှစ်ကာ မီးခြစ်ကို ခြစ်ပေးနေပြီး ချန်ခေါ့လည်း စီးကရက်ကို ပါးစပ်တွင် ခဲထားရင်း အသက်အောင့်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။

အသက်အောင့်ထားရင်း နောက်ဆုံးတွင် ရတော့မည်ဟု ထင်နေသည့်အချိန်တွင် မီးခြစ်ခေါင်းက ဖတ်ခနဲအသံနှင့်အတူ ပြုတ်ထွက်သွားသည်။

ချန်ခေါ့ မျက်လုံးပင့်ကာ ကောင်လေးကို ကြည့်လိုက်သည်။

"ဆော... ဆောရီးပါ"

ကောင်လေးသည် အလွန်တရာအားနာပြီး ကသိကအောက်ဖြစ်နေဟန်ဖြင့် -

"ခုနတုန်းက ကျွန်တော် မီးညှိတော့ အကောင်းကြီး ရှိသေးတယ်"

"အလုပ်ရှုပ်သွားပါပြီ။ ကျေးဇူးပါ"

ချန်ခေါ့သည် ခေါင်းကိုညိတ်လိုက်ရင်း ပြောလိုက်သည်။

ထိုကောင်လေး ခြေလှမ်းသွက်သွက်ဖြင့် ထွက်ခွာသွားပြီးနောက် ချန်ခေါ့လည်း စီးကရက်ကို အိတ်ထဲ ပြန်ထည့်လိုက်သည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』حيث تعيش القصص. اكتشف الآن