"ဘာဖြစ်ရမှာလဲ နှလုံးသားလေး နာကျင်နေတာပေါ့"

"ဟ"

"ကုပေး အဲ့ရောဂါ မင်းမကုနိုင်ရင် မင်းသူငယ်ချင်းဆီ လွှဲပေး
အ့"

ထိုအချိန်မှာပင် Beakက ဆေးတွေ ထည့်တဲ့ ဗန်းအလွတ်နဲ့ Kaiရဲ့ ခေါင်းကို ခေါက်ချလိုက်သည်။

"အပျော်တမ်း ကစားနေတာမဟုတ်ဘူး ဆေးကုနေတာ နောက်မှာ လူနာတွေရှိတယ် "

"ရားးးးနာတယ်ကွ အားတုန်းလေး ခဏလာတာကို ဗန်းနဲ့ခေါက်ရလား"

"အခေါက်မခံချင်ရင် စောက်ခွက်မပြောင်နဲ့လေ "

"မပြောင်ပါဘူး Chanyeol ငါ့ကို မင်းသူငယ်ချင်းဆီ လွှဲပေးပါ ငါရောဂါ ကျွမ်းနေပြီလို့ ပြောပေး"

"သေပြီလို့ ပြောပေးမယ်"

Chanyeolအစား Beakက ဖြေပြီး kaiကိုကုတင်ပေါ်က ဆွဲချလိုက်သည်။

"ကိုယ်ချင်းစာစိတ်မရှိတဲ့ကောင် .... မင်း တွေ့မယ်"

Kaiက စိတ်ဆိုးပြီး ပြန်သွားသည်။ရန်ဖြစ်ကြသည့် နှစ်ယောက်ကို ကြည့်ရင်း Chanyeol ဘာမှတောင် ဝင်ပြောချိန် မရလိုက်ပေ။တကယ် တကယ် မတည့်အတူနေဆိုတာ Beakနဲ့ Kaiဘဲ........

ခုန Kaiကို ဆက်ဆံတဲ့ ပုံစံနဲ့ ကွဲပြားစွာ တခြားလူနာတွေပေါ် ချိုသာလွန်းနေတဲ့ သူ့ချစ်ရသူကို ကြည့်ပြီး Chanyeolပြုံးမိပြန်သည်။အော်.....ငါ့ရောဂါလဲ အတော်ကျွမ်းနေပြီဘဲ

"ဒီနေ့ တစ်နေ့ကုန် ကူညီပေးလို့ ကျေးဇူးပါBeak"

"ရပါတယ် မနက်မှ အဖွားကို ခေါ်ခဲ့တော့မယ် ဒီနေ့ လူများလို့ မလာခိုင်းလိုက်တာ"

"ဟုတ်ပါပြီ သေချာပြန်နော် ကိုယ်လိုက်ပို့ရအုံးမလား"

"ငါက ကလေးလား ရတယ်...ငါ့ဘာသာ ပြန်မယ်....ဒါငါ့ရွာပါ"

"ဟုတ်ပါပြီ ကောင်းကောင်းအနားယူနော်"

Beak အိမ်ပြန်လမ်း တစ်လျှောက်လုံး အပြုံးတွေ ဝေဆာနေသလို လမ်းတစ်လမ်းလုံးကလဲ ပန်းရောင်ဖြစ်နေသည်။
အိမ်ရောက် အဖွားလက်ရာ ထမင်း ဝိုင်း ပူပူလေးက စောင့်မျှော်နေသည့်မို့ ရေအမြန်ချိုးလိုက်သည်။

ပင်လယ်ဖျံလေးရဲ့ ဒေါက်တာWhere stories live. Discover now