စွံ့အ ရသည့်အဖြစ်ကြီးပါလားဗျာ။ အတူနေဖို့လက်မခံသည့်အပြင် ဖက်အိပ်တာတောင်ရှက်နေသေးလို့တဲ့ပါဗျာ။ အေးပေါ့လေ ကွန့်မြူးကိုယ်တိုင်ကလဲ အနေအထိုင်ဆင်ခြင်ခဲ့ပြီး အာပူကြူးလေးကိုစိတ်နှလုံးသားအတွင်းထဲကသာ ပို၍ချစ်ခဲ့သည်မဟုတ်လား။ ဖက်တာနမ်းတာလောက်တောင် အရမ်းကြီးမပြုလုပ်ခဲ့ရပဲ ဒီလိုလေးနှစ်ယောက်အတူနီးနီးကပ်ကပ်နေရတော့ မနေတတ်ရှက်နေသေးတာနေမှာပေါ့ဗျာ။

ကြင်စဦးဆိုတာ ဒီလိုမျိူးကိုခေါ်တာကိုး။
ချစ်သူနှစ်ဦးအကြင်လင်မယားအဖြစ်အတူနေရတော့ ရုတ်တရက်နီးကပ်လွန်းသည့်အထိအတွေ့ အနေအထိုင်တို့ကြောင့် အိုးတိုးအမ်းတမ်းဖြစ်နေပုံလေးကို ကြင်စဦးလို့ခေါ်ကြတာကိုး။

ကွန့်မြူးကတော့ အပျော်လွန်၍အဲ့လိုသိပ်မဖြစ်ပေမယ့် ဒီရင်ခွင်ထဲက ဘုစုခရုလေးကတော့ ရှက်သည်းတွေပိုပြီးရှက်နေသေးတာပေါ့။
အမလေးဗျာ ချစ်လိုက်တာမှ တုန်လို့ပါဗျာ။

"အကိုလေး"

"ဗျာ့.."

"မထတော့ဘူးလားဟင် မေမေကြီးတို့ပြန်လာမယ်ထင်တယ်အကိုလေးရဲ့"

"ဒီနေ့မလာဘူးတဲ့ "

"ဟင် "

"ကိုကိုတို့ရွာကိုသွားတဲ့နေ့မှပြန်လာမယ်တဲ့"

"ဟယ် ဘာလို့လဲ"

"အခုမှနုနုထွတ်ထွတ်လက်ထပ်ပြီးတဲ့ကိုကိုတို့ကို လွတ်လွတ်လပ်လပ်နေရအောင်လို့တဲ့လေဗျာ"

"အာ အဲ့လိုလား"

"အင်းတဲ့"

ရွှေကူပြန်၍ငြိမ်နေလိုက်သည်။ ဟုတ်တော့ဟုတ်ပါတယ်လေ ဟီး..အခုမှပူပူနွေးနွေးလေးပဲရှိသေးတာကိုနော့။

"ဟာ ဟေ့ဘာဖြစ်တာလဲ"

တခစ်ခစ်နှင့်ရယ်ကာ မျက်နှာလေးဝှက်ထားသည့်အာပူကြူးကြောင့် ကွန့်မြူးမှာထ၍မေးရခြင်းဖြစ်သည်။

"အူယားလို့"

"ဟား .."

"ဟီး ရွှေကူတို့ကအခုသမီးရည်းစားတွေမဟုတ်ပဲ အိမ်ထောင်သည်တွေဖြစ်သွားပြီပေါ့နော် "

"အင်းပေါ့ အကြင်လင်မယားတွေဖြစ်သွားပြီလေ"

"ခစ်ခစ်.."

True Love 💭 (Completed)Donde viven las historias. Descúbrelo ahora