စကားအဆုံးမှာ Chanyeolရဲ့ အသံက တိုးဝင်သွားသည်။

"စိတ်ဆိုးမှာ စိုးလို့ လာတဲ့ လူက ငါ့ကို ဖက်အိပ်နေတဲ့ အပြင်
ငါ့နှာခေါင်းပါ ကိုက်တယ်ပေါ့

"အယ်....ကိုယ်ဖက်အိပ်နေတာ သိတယ်လား .....Beakနိုးနေတာ ကြာပြီလ"

သူခိုးလူမိဖြစ်သွားတဲ့ Beakhyun ဘာပြောရမှန်းမသိ ရှက်သွားသည်။

"ဘာလဲ...ဘာလဲ....တင်းတင်းကြပ်ကြပ်ခံစားနေရလို့ ပြောလိုက်တာ ထ...ထ မင်းလဲ ထွက်တော ငါမျက်နှာသစ်အုံးမယ်"

ရှက်ရမ်းရမ်းပြီး ထသွားတဲ့ Beakကြောင့် Chanyeolပြုံးလိုက်သည်။Beakလှုပ်လာကတည်းက သူနိုးနေတာ ကြာပေါ့။သူ့မျက်နှာကို ကြည့်နေတဲ့ Beakကြောင့် အိပ်ချင်ယောင် ဆောင်ပေးနေခဲ့တာ.....

Beakရဲ့ အိပ်ရာကို သိမ်းပေးကာ အပြင်ထွက်လာတော့ အဖွားက မရှိပေ။စားပွဲဝိုင်းအသေးလေးပေါ်မှာ စာရွက်လေးထားခဲ့သည်။

"နှစ်ယောက်လုံး နိုးလာရင် မနက်စာ စားလိုက်
အဖွား ရွာထဲ ခဏသွားအုံးမယ်"

ဇကာလေး ဖွင့်လိုက်တော့ မနက်စာက အဆင်သင့်ပေ။

"အဖွားရော"

Beakက မျက်နသုတ်ရင်း မေးသည်။

"ရွာထဲ သွားတယ် "

"အဖွားကတော့လေ အေးနေတဲ့ဟာကို ပြီးတော့ ချောင်းတွေလဲ ဆိုးနေပြီးတော့ "

Beakက ပြောရင်းနဲ့ စားပွဲမှာ ဝင်ထိုင်သည်။

"အဖွားက ချောင်းအတော်ဆိုးလို့လား"

"ဟုတ်တယ် ဒီရက်ပိုင်း အေးတော့ ပိုဆိုးတယ်"

"ဒါဆို မနက်ဖြန် ဆေးခန်းဖွင့်ပြီဆိုတော့ ခေါ်ခဲ့ပါလား...
ငါအဖွားကို ကြည့်ပေးမယ်"

"ဟုတ်သား...ဆရာဝန်ကြီး ရှိတာ မေ့နေတယ်...မနက်ဖြန် လာခဲ့မယ် "

နှစ်ယောက်သား မနက်စာ စားကာ ပန်းကန်တွေကို Chanyeolဆေးလိုက်သည်။

မိသားစုဆိုတာမျိုး သေချာမရခဲ့ဖူးလို့လား မသိဘူး ...
သူပန်းကန်ဆေးနေတဲ့အချိန် စားပွဲတွေသိမ်း တံမြက်စည်း လှဲနေတဲ့ Beakကို ကြည့်ပြီး သူပျော်နေမိသည်။ဒီလိုလေး နေသွားချင်သည်။

ပင်လယ်ဖျံလေးရဲ့ ဒေါက်တာМесто, где живут истории. Откройте их для себя