🔸15🔸Z

30 1 0
                                    

သက်တံ့ရောင်ခြယ် မေတ္တာစံအိမ်ငယ်
အပိုင်း 15

မျိုးရိုးထင်ရှားသည် ထမင်းစားခန်းထဲ ဝင်လာသောသူကို တောက်လျှောက်လိုက်ကြည့်နေရင်း သူ အမြင်မှားခြင်း ဟုတ်/မဟုတ် သေချာစေရန် မျက်လုံးကို ပွတ်လိုက်ပြီးမှ သေချာပြန်ကြည့်လိုက်သည် ။

သူ့အမြင်မမှား ။ မျိုးရိုးထင်ရှား စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်မိ၏ ။

“ ဟင် မှော် …မှော် ! ”

မှော်သည်တော့ ထုံးစံအတိုင်း မျက်ခုံးတွန့်ချိုးကာ သူ့ကို မကြည်ကြည့် တစ်ချက်ကြည့်ပြီးမှ ပြောလာ၏။

“ ဘာလဲ အလန့်တကြား ”

မျိုးရိုးထင်ရှား လက်ညှိုးထိုးလိုက်ရင်း စိတ်လှုပ်ရှားနေသဖြင့် ပြောစရာ စကားတို့ ရှိပါသော်လည်း ထွက်မလာခဲ့ ။

“ နားဆွဲ နားဆွဲ ! …”

မှော်သည် မသိစိတ်မှ နားဆွဲဆီ လက်နှင့်ထိလိုက်ပြီးနောက် မျက်နှာထား တည်တည်နှင့်ပင် ပြန်ပြောလိုက်သည် ။
“ နားဆွဲ မမြင်ဖူးဘူးလား ဘာ အထူးအဆန်းလုပ်နေတာလဲ ”

မျိုးရိုးထင်ရှား တစ်ယောက် ပါးစပ် နားရွတ်ချိတ်မတတ်ပြုံးရယ်လိုက်မိရင်း ခပ်သွက်သွက် ခေါင်းခါပြလိုက်သည် ။
“ ဟင့်အင်း ဟင့်အင်း … ”

ထင်ရှား စိတ်ထဲ မြူးထူးလွန်းနေမိသည်မှာ ခြေထောက်နှင့် ကြမ်းပြင် မထိတော့သလိုပင် ။
အခန်းထဲ အူရားဖားယား ပြေးဝင်သွားပြီးနောက် ခဏအကြာတွင် နားထက် ဆင်တူ နားဆွဲ တစ်ခုနှင့်အတူ ပြန်ထွက်လာ၏ ။

“ မှော် မှော် မှော် ….”

လူကို တစာစာခေါ်လျက် ဘလင်း ဘလင်း ထနေသည့် မျက်ဝန်းတို့က လူကို ပြေးကပ်တော့မလိုပင် ။ ပါးစပ် နားရွတ် ချိတ်မတတ်ပြုံးနေသည့် ပုံစံက ရူးတူးတူး နိုင်လှသည် ။ နားဆွဲကြောင့် သူ သိပ်စိတ်လှုပ်ရှားနေမှန်း မှော် နားလည်ပါသည် ။ ထိုသို့ ဖြစ်စေရန် မရည်ရွယ်သော်လည်း သူကလည်း ဤ နားဆွဲကို ပြန်ဝတ်ချင်စိတ် ဖြစ်လွန်းနေ၍ ခက်သည် ။ မတတ်နိုင် ။

မှော် သက်ပြင်းချလိုက်ရင်း

“ အများကြီး မျှော်လင့်မထားနဲ့ ငါက ဘယ်လိုလူလဲ မင်း မသိတာလဲ မဟုတ် ….”

After the host was gone, our love story beganOpowieści tętniące życiem. Odkryj je teraz