🔸4🔸Z

76 2 0
                                    

သက်တံ့ရောင်ခြယ် မေတ္တာစံအိမ်ငယ်
4

အိပ်ခန်းထဲမှနေ၍ အိပ်မှုန်စုံမွှားနှင့်ထွက်လာသည့်သူလေးကြောင့် မင် ရယ်လိုက်မိတော့သည်။မတော်တရော် ညဝတ်အင်္ကျီက ပခုံးတစ်ဖက် လျှောကျနေကာ ညှပ်ရိုးသွယ်သွယ်ကို လှစ်ဟပြနေလျက်။အဲ့ ကလေးလေးဟာ ဘယ်လိုရုပ်အသွင်နှင့်ပဲဖြစ်နေပါစေ သူ့အတွက် ကလေးလေးပင်။သူ​လေး မွေးကင်းစထဲက မင် သူလေးကို ချီပိုးထိန်းကျောင်းကာ ချစ်လာခဲ့ရသည် မဟုတ်ပေလား။ချစ်သည့်မေတ္တာတွေက မွေးကထဲက မဖြူစင်တဲ့ အရောင်စွန်းထေးနေတဲ့ မေတ္တာတွေနဲ့ ဆိုပေမယ့်ပေါ့...

မင် အတွက်တော့ လင်ရိက သူ့အရာရာပင်။တစ်ခါဆုံးရှုံးဖူးထားသူမို့ ကြောက်ရွံ့နေမိကာ တစ်စက္ကန့်လေးပင် အနားမှ မခွာလို။သူလေးက တွယ်ကပ်လွန်းသည်ဟု ညည်းတတ်သော်လည်း သူ့အလိုကျ ကပ်တွယ်ခွင့် ပေးထားသည်သာ။သူအလိုလိုက်လွန်းမိ၍ သူ့အပေါ်ဆိုးလွန်းသည်ကိုလည်း သူအပြစ်မမြင်မိပါ။တစ်ချိန်က သူ ဆိုးသွမ်းမိထားခဲ့သည် မလား။ယခု သူက ဂရုစိုက်ပေးမည့်သူပဲ ဖြစ်ချင်မိသည်။ချစ်ပေးရမည့်လူပဲ ဖြစ်ချင်မိသည်။လင်ရိသည်တော့ အချစ်ခံလေးပဲဖြစ်ရပါမည်။

''ငယ် ကိုယ် ပေါက်စီဝယ်ထားတယ်! ငယ့်အကြိုက် လမုန့်ရော~''

ငယ် ဆိုသည့်အခေါ်အဝေါ်ကြောင့် လင်ရိနားရွက်ဖျားတို့ရဲတက်သွား၏။
''ဘယ်သူက ခင်ဗျားရဲ့ငယ်လဲ?  ဒီမှာ ဘာငယ်မှ မရှိဘူး!''

မင်သည် ပြုံးလိုက်ရင်း လင်ရိကို ခပ်ဖွဖွဖက်လိုက်ကာ
''ဒါက ကိုယ့်ရဲ့ငယ်လေ! ကိုယ့်အချစ်ကလေး''

''ဒါဆို ခင်ဗျားက ငယ်ကိုပဲ ချစ်တာပေါ့! သိပါတယ် မင်က လင်ရိကို မချစ်မှန်း!''

စလာပြီ စလာပြီ ...... ဒီလိုကလေးဆန်သည့်ဘက်ခြမ်းကိုလည်း မင် ချစ်ရပြန်ပါသည်။ ငယ့်ကို ချစ်သည်ဟုပြောလျှင်' လင်ရိကို မချစ်ဘူး သိပါတယ် လင်ရိကအမေ့ခံပါ' ဟုဆိုကာ ကောက်မည်။လင်ရိကို ချစ်သည်ကို ပြောမိပြန်လျှင်လည်း 'သိပါတယ် ငယ်က အစားထိုးပါ'ဟု ပြောကာ ကောက်ပြန်မည်။
''လင်ရိရော ငယ်ရောက ဟောဒီက နတ်ဘုရားပိစိလေးပါဗျာ~ နှစ်ယောက်လုံးကို ချစ်ရပါတယ်''

After the host was gone, our love story beganWhere stories live. Discover now