🔸5🔸U

179 22 2
                                    

သက်တံ့ရောင်ခြယ် မေတ္တာစံအိမ်ငယ်
chapter//5//

တော်ဝင် စံအိမ်တော်၏ ဧည့်ခန်းတွင်ဖြစ်၏။အမျိုးသမီးတစ်ဦး၏ အလန့်တကြား ရေရွတ်သံက ထွက်ပေါ်လာတော့သည်။
''ဘယ်လို မှော်နဲ့ ယူမလို့ ဟုတ်လား? ဘုရား.ဘုရား အနောက်ဘက်က နေထွက်တော့မှာလား?''

ဒေါ်ရွှေရတနာ ရင်ဘက်ကို ဖိရင်း ရေရွတ်လိုက်မိသည်။

''ငါ့သား အတည်ပြောနေတာလား?''
ဦးတော်ဝင် လည်း သားဖြစ်သူ မျိုးရိုးထင်ရှားကို ကြည့်ရင်း မေးလိုက်သည်။

''ဟုတ်ကဲ့အဖေ''

တည်တည်ကြည်ကြည် ပြောလာသည့် လေသံကနောက်နေသည့်ပုံ မပေါ်။သို့သော် မနေ့တစ်နေ့ကအထိ မတည့်ကြတဲ့ နှစ်ယောက်က ယူမယ်ပြောလာသည်ဖြစ်ရာ ဒေါ်ရွှေရတနာ မသင်္ကာ။ မှော်ဆိုသည့် ကလေးက မာနကြီးလွန်းသည့် ကလေး။ ယခုသူ့ရှေ့မှ မှော်က တစ်ခုခု ကွဲပြားနေသယောင်။သားဖြစ်သူလည်း ထို့အတူပင်။ဒေါ်ရွှေရတနာ မျက်မှောင်ကုပ်လိုက်မိရင်း
''အမေ သဘောမတူနိုင်ဘူး! မနေ့တစ်နေ့ကထိ လုံးဝကြည့်မရတဲ့ နင်တို့က ဘာကိစ္စယူမယ် ထဖြစ်တာလဲ?''

မျိုးရိုးထင်ရှား တစ်နည်းအားဖြင့် မင်သည် ခပ်တည်တည်ဖြင့်ပင် ပြောလိုက်သည်။
''ခွင့်လွှတ်ပါအမေ! ကျွန်တော်တို့ ယူမှဖြစ်တော့မှာမို့လို့!''

''ဘာရယ် နင် နင်တို့!!!...''
ဒေါ်ရွှေရတနာ အတွေးတစ်ခုပေါက်သွားပြီးနောက် မူးလဲသွားတော့၏။

''မိန်းမ!!''

''ရှူဆေး ရှူဆေး ယူလာခဲ့ပါအုံး!''

ဧည့်ခန်းတစ်ခုလုံး ပွက်ပွက်ညံ သွားတော့၏။တရာခံ မင် သည်တော့ ပခုံးလေးသာ တွန့်လိုက်သည်။သူ့ဘာသာ အတွေးပေါက်သွားတာဟာ သူနဲ့ဘာဆိုင်တာမို့လို့လဲ~

မဟူရာမှော် တစ်ဖြစ်လဲ လင်ရိသည်တော့ ပြဿနာကောင်ကို တံတောင်နှင့် နာနာတွတ်လိုက်ပြီးမှ  ​ပျာပျာသလဲ ပြောလိုက်သည်။
''ဆရာဝန် ဆရာဝန် ခေါ်လိုက်ချည်! ပြီးတော့ အခန်းထဲ ရွှေ့ရအောင်!''

သာမန် စိတ်ထဲလန့်သွား၍ ခဏမေ့လဲသွားခြင်းသာ ဖြစ်ကြောင်း ဆရာဝန်ကပြောမှ သူတို့အားလုံးစိတ်အေးသွားတော့သည်။ဒေါ်ရွှေရတနာလည်း ခဏနေ၍ ပြန်နိုးလာချိန်တွင် သူမေ့လဲသွားသည့်အပေါ် အနည်းငယ် ရှက်ရွံ့မိသော်လည်း ကိုယ်ဟန်ဖို့ကာ ခပ်တည်တည်သာ နေလိုက်သည်။ထို့နောက် ခင်ပွန်းသည်နှင့် သားဖြစ်သူကို ခပ်စူးစူးတစ်ချက် ကြည့်လိုက်ပြီးနောက်
''ရှင်နဲ့သား ခဏအပြင်ထွက်ပေး! သူ တစ်ယောက်ထဲကိုပဲ ပြောစရာရှိတယ်!''

After the host was gone, our love story beganWhere stories live. Discover now