🔸14🔸Z

45 2 2
                                    

သက်တံ့ရောင်ခြယ် မေတ္တာစံအိမ်ငယ်
အပိုင်း 14

မှော်၏ ကိုယ်ဝန်က သုံးလကျော်ပင် ရှိလာလေပြီ ။ သို့အတွက် ကိုယ်ဝန်ဆောင်တိုင်း ကြုံရသည့်  morning sickness ကလည်း ရှောင်လွှဲလို့ မရ ။

“ ဝေါ့…. ”

“ ကိုကို တအားမထုနဲ့တော့ ကိုယ် အဆုတ်ကွာတော့မယ် အဟွတ် အဟွတ် ”

မှော်တော့ မဟုတ် မျိုးရိုးထင်ရှားသာ ။ မှော်သည် အန်ရလွန်း၍ မျက်ရည်အဝဲသား ဖြစ်နေသည့် ထင်ရှားကို ရယ်လည်း ရယ်ချင် သနားလည်း သနား ။

ပလုတ်ကျင်းနိုင်ရန် ရေခွက်ကို ကမ်းပေးလိုက်ပြီး ကျောကို နှစ်ချက် သုံးချက် အသာပုတ်ပေးလိုက်သည် ။

“ အေး ရရဲ့လား ”

“ ရ ရပါတယ် အားး ကိုယ့် သရက်သီးတွေကို ကိုကို ဘာလို့ နှိုက်စားရတာလဲ ”

ရုတ်တရက် အော်သံ‌ကြောင့် မှော် ပါးစပ်ထဲ ထည့်ရန် ပြင်နေသည့် သရက်သီးစိတ်လေး အောက်ပြုတ်ကျသွားတော့သည် ။

မှော် ကြောင်တောင်တောင်ဖြင့် ပြန်ရှင်းပြလိုက်သည် ။

“ ဟမ်…

တစ်စိတ်ကလေးပဲ အခုမှ စားမလို့ နှိုက်လိုက်တာပါ …”

“ မရဘူး !! အဲ့ဒါ ကိုယ်ကိုယ်တိုင် ခူးထားတဲ့ ဟာတွေ လတ်လတ်ဆတ်ဆတ် ခူးထားရတာ
ကိုကို စားချင်ရင် ကိုယ့်ဘာသာ ဝယ်ထားတဲ့ဟာတွေစား … ”

ပြောလည်းပြော လူကလည်း ဘေစင်နားမှ အမြန်ပြေးကာ သရက်သီး ပန်းကန်ကို ပြေးပိုက်လိုက်၏ ။ မှော်သည် ဖြည်းဖြည်းချင်းပင် မျိုးရိုးထင်ရှားနောက် လိုက်ရင်း ‌စိတ်လေစွာ ခေါင်းခါရင်း ညည်းလိုက်မိတော့သည် ။

“ ကိုယ်တော်ချောရေ ဗိုက်ကြီးနေတာ မင်းလား ငါလားကွာ ”

ကိုယ်ဝန်ဆောင် လက်စွဲ စာအုပ်က မှန်သားပဲ

စိတ်အတက်အကျ မြန်တာ ၊ တစ်ခုခုဆို စိတ်ထိခိုက်လွယ်တာ ၊ စိတ်အလိုမကျ ဖြစ်တာ ၊ အရစ်သန်လာတာတွေ

တူပါတယ် ထင်ရှားဆိုတဲ့ တစ်ကောင် ဖြစ်နေတာတွေနဲ့ !

အယောင်ဆောင် ဗိုက်ကြသည်က သူ့ကို ချက်ချင်းပြန်ပက်လာပါ၏ ။
“ ကိုကိုလေ ကိုကို ကြီးတာလေ ”

After the host was gone, our love story beganTahanan ng mga kuwento. Tumuklas ngayon