🔸1🔸U

682 40 6
                                    

သက်တံ့ရောင်ခြယ် မေတ္တာစံအိမ်ငယ်

//1//

''ဘယ်လို ကွာရှင်းလို့ မရသေးဘူး ဟုတ်လား  ဒါက ဘာစကားလဲရှေ့နေကြီး!''

''ဘယ်လို ဒီကောင်နဲ့ ကွာရှင်းလို့မရဘူး ဟုတ်လား? ရှေ့နေကြီး!!''

တန်ဖိုးကြီး အနောက်တိုင်းဝတ်စုံ၊ ဆံပင်ကိုဂျယ်နှင့်လှန်တင်ထားသဖြင့် ကကြီးပုံမ ဟာနဖူးက တင့်တယ်စွာ။မျက်လုံး၊မျက်ခုံးကောင်းကောင်း ထိုမျက်နှာချောချောသည်တော့ ယခုအချိန်တွင် သုန်မှုန်နေ၏။သူ့ဘေးမှ အနည်းငယ် အထက်စီးဆန်သည့် ပင်ကိုမျက်ဝန်းတို့ကို ဂုတ်ထိ ဆံနွယ်ရှည်တို့က ပံ့ပိုးပေးထားသဖြင့် ဂျစ်ကန်ကန် ရုပ်ထွက်နေသော ခပ်ချောချောလူသည်လည်း ထို့အတူစွာ မှုန်ကုပ်နေလျက်။

ရှေ့နေကြီးက နားမလည်နိုင်သည့်ပုံစံနှင့် သူတို့နှစ်ယောက်ကို ကြည့်လာပြီး
''ဒီစာချုပ်ကို မောင်မျိုးရိုးထင်ရှား နဲ့ မောင်မဟူရာမှော်တို့ကိုယ်တိုင် ချုပ်ခဲ့တာလေ မေ့သွားတာလား? ''

ထိုသို့ပြောလာသော်လည်း မျက်ဝန်းတို့ကမူ 'ဒီလောက် အရေးကြီးတဲ့စာချုပ်ကို မေ့သွားရသလား' သိလိုစိတ်တို့အပြည့်။မျိုးရိုးထင်ရှားနှင့် မဟူရာမှော်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိပြီးနောက် ဟွန့်ခနဲ နှာမှုတ်လျက် ပြိုင်တူ မျက်နှာလွှဲလိုက်မိသည်။စိတ်ထဲတွင်တော့ တူညီစွာကျိန်ဆဲမိကြလျက်။
'သောက်စုံတွဲကတော့ မွှေသွားပြီ!!'

''စာချုပ်ထဲမှာ ပါတဲ့အတိုင်းဆို လက်ထပ်ပြီး 5နှစ်အတွင်း လုံးဝ မကွာရှင်းရပါဘူး ၊  အိမ်လဲ လုံးဝခွဲနေလို့ မရပါဘူး  ၊ ဖောက်ပြန်ခွင့်လဲ မရှိပါဘူး ၊ မဟုတ်ရင် လက်ရှိပိုင်ဆိုင်သမျှအကုန် မိဘမဲ့ဂေဟာတွေဆီ လှူရပါမယ်တဲ့ ''

မျိုးရိုးထင်ရှာသည် စဥ်းစားဟန်ဖြင့် မျက်ဝန်းတို့ကို မှေးလိုက်ပြီးမှ
''စာချုပ်ချုပ်ခဲ့တဲ့လူက ကျွန်တော်တို့ပဲမဟုတ်လား? အခုကျွန်တော်တို့ အဲဒါကိုဖျက်ပစ်ချင်လို့လေ မရဘူးလား?''

ရှေ့နေကြီးသည် မျက်မှန်ကို ပင့်တင်လျက် သဘောတကျ ရယ်လိုက်ပြီး
'' အဲ့အချိန်က မောင်ရင်တို့ ကိုယ်တိုင်ပြောခဲ့တာ တစ်နေ့မောင်ရင်တို့ အဲ့လိုပြောလာမှာ သေချာတယ်တဲ့ ၊  ဒါပေမဲ့ အဲ့လိုပြောလာရင်တောင်မှ စာချုပ်ကို မဖျက်ပေးဖို့ ၊ တယ်လဲ ထူးဆန်းလိုက်တာနော် ၊ အဲ့တော့ အန်ကယ့်ဘက်ကတော့ စာချုပ်ပါအကြောင်းအရာကို ပြောပြီးသွားပြီ ၊  မောင်ရင်တို့ သဘောကရော ....  သြော် တစ်ခုတော့ရှိတယ် 5နှစ်ပြည့်သွားအထိ ကွာရှင်းဖို့စိတ်ရှိနေသေးရင်တော့ အဲ့အချိန် ကွာရှင်းလို့ရပါပြီ ၊ ဒီတိုင်း မောင်ရင်တို့အချင်းချင်း စိတ်ဆိုးဒေါသထွက်တာကြောင့်ဆို မကြာခင်ပြန်အဆင်ပြေသွားလောက်မှာပါ... တစ်ယောက်နဲ့တစ်ယောက် ညှိညှိနှိုင်းနှိုင်းပေါ့ ''

After the host was gone, our love story beganWhere stories live. Discover now