🔸2🔸Z

99 3 0
                                    

သက်တံ့ရောင်ခြယ် မေတ္တာစံအိမ်ငယ်
//2//

သိပ်ကိုမွန်းကြပ်လွန်းတယ် ရေနစ်နေတဲ့လူတစ်ယောက်လိုမျိုး အသက်ရှုမဝ ကူရာမဲ့ ။ဒါပေမဲ့ အဲ့တာကပဲ သိပ်ကိုလွတ်လပ် ပေါ့ပါးနေသလိုမျိုး ။ ဒီလိုနဲ့သာ အသက်ရှုရပ်သွားဖို့လဲ မသိစိတ်က မျှော်လင့်နေမိရင်း....ဒါပမေဲ့ သိစိတ်က ပြန်ထိန်းတယ် ။ မင်းဒီလိုလုပ်လို့မဖြစ်ဘူးတဲ့_

မှော် လှောင်ရယ် ရယ်လိုက်မိတော့၏။

ဟုတ်တယ် ငါက လွတ်မြောက်ရာ ၊နွေးထွေးရာနဲ့ မထိုက်တန်သေးဘူး။

မှော် အသိစိတ်ကို ပြန်ထိန်းရင်း မျက်ဝန်းတို့ကို အားယူ ဖွင့်ဟလိုက်သည်။
ဟိုး ပင်လယ်ရေအောက်မှာ နစ်မြုပ်ခံထားရသလိုမျိုး ခံစားချက်။သူ့ရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်ကို အပြင်လူတစ်ယောက်လိုမျိုး ကြည့်နေရတဲ့ခံစားချက်။အတိအကျ ပြောရရင် ဘာဆိုဘာမှ မတွေးနိုင်တော့အောင် ရင်ထဲတစ်ခုခု လစ်ဟာနေသလိုမျိုး ဗလာသက်သက် ခံစားချက်။ခံစားတတ်တဲ့ နှလုံးသားက ရင်ဘက်ထဲ မရှိတော့သလိုမျိုး_

သူ၏ခန္ဓာကိုယ်သည်တော့ သူ့ထိန်းချုပ်မှုအောက်တွင်မရှိစွာ လှုပ်ရှားလျက်။မှော် မုန်းတီးစွာ အော်ဟစ်လိုက်သည်။
''သူခိုးကောင် ငါ့ခန္ဓာကိုယ် ပြန်ပေး!''

သူ၏အတွင်းစိတ်မှ နာကျည်းစွာ ရေရွတ်သံကိုကြားလိုက်ရသည့်အတွက် 01 သည်အခန်းကို သန့်ရှင်းရေးလုပ်နေရာမှ အံ့သြစွာရပ်တံ့လိုက်မိ၏။

အိပ်မွေ့ချကဒ်ရဲ့ အစွမ်းကနေ အချိန်ခဏလေးအတွင်း လွတ်မြောက်လာတားလား? ဒီလောက်တောင် ရှင်သန်လိုစိတ်ပြင်းပြနေတဲ့ အားကောင်းလွန်းတဲ့  ဝိဉာဏ်ကို သူ မတွေ့ဖူးဘူး! ဒါပေမဲ့ ဘာ့ကြောင့်လဲ? Data တွေအကုန်လုံးက ဒီလူဟာ သိပ်ကိုလွတ်မြောက်ချင်နေတယ် ရှင်သန်ဖို့ဆန္ဒမရှိဘူးလို့ ပြထားတာလေ~

စိတ်ထဲ အတွေးတို့ ယောက်ယက်ခတ်နေသော်လည်း 01သည် လျစ်လျူရှုရင်း မသိသလို ပြန်ပြောလိုက်သည်။
''မင်း ဘယ်လိုတောင်နေနေတာလဲကွာ! အခန်းက ညစ်ပတ်နေတာပဲ! ကြွက်သိုက်ထက်တောင် ညစ်ပတ်နေအုံးမယ်!''

လေလွင့်ဝိဉာဏ်ကောင်၏ အပြောကို မှော်အံတကျွီကျွီ ကြိတ်ရင်း ပြန်ပြောလိုက်သည်။
''မင်းကို ဘယ်သူက သန့်ရှင်းခိုင်းလို့လဲ? ငါ့ပစ္စည်းတွေမထိနဲ့! ထွက်သွားစမ်း! သူခိုးကောင်!''

After the host was gone, our love story beganWhere stories live. Discover now