🔸9🔸U

110 16 5
                                    

သက်တံ့ရောင်ခြယ် မေတ္တာစံအိမ်ငယ်

အပိုင်း ၉


ဆတ်ခနဲ ပွင့်ဟလာသော မျက်လုံးတို့နှင့်အတူ မဟူရာမှော်သည် မျက်နှာကျက်ရှိ မီးဆိုင်းကိုသာ အဓိပ္ပါယ် စိုက်ကြည့်ရင်း ငေးငိုင်နေမိ၏ ။ 

မင်းသမီးလေးတဲ့လား မင်းက ငါ့အိပ်မက်ထဲထိ လိုက်နှောက်ယှက်နေတုန်း

စိတ်တိုဖို့ ကောင်းလိုက်တာ 

မျက်ခုံးတန်းတို့က အလိုမကျစွာ တွန့်ကွေးသွားပြီး မျက်နှာထားက အနည်းငယ် သုန်မှုန်နေသယောင် ။ အမှန်တရားသည်ကား မှော်၏ မျက်နှာထက် အပြုံးအရယ်မဲ့သည်မှာ ကြာလေပြီ ။ လင်ရိဆိုသောသူ ပိုင်ဆိုင်ခဲ့သည့် သက်ဝင်တက်ကြွသည့် အရိပ်အယောင်များ မရှိတော့ပြီ ။ မဟူရာမှော်သည်ကား ညိုးရော်ကြွေလွင့်တော့မည့် သစ်ရွက်ငယ်အလားပင် ။ စိတ်အားထက်သန်မှုတို့ ပျောက်ဆုံးနေ၍ ပုံပန်းသွင်ပြင်ကပါ အုံ့မှိုင်းနေသယောင် ။

မဟူရာမှော်သည် ငေးငိုင်နေရင်း အတန်ကြာမှ နာရီကို တစ်ချက်ကြည့်လိုက်ပြီး မနက်စားစာရန် ပြင်ဆင်လိုက်သည်။ ဒေါ်နန်းက သူ့ကို နေ့တိုင်း လာခေါ်နေ၍ သူလည်း မနေတတ်တော့ ။ အလုပ်မပိုစေလို၍ အချိန်ကျရင် သူ့ဘာသာ ဆင်းသွားနေခြင်းဖြစ်သည် ။ သို့သော် ဟိုကောင် ရှားနှင့် မည်သည့်အခါမျှ မဆုံ ။ သူ ထုတ်မေးမိလျှင်လည်း မင်းလို အလုပ်မရှိ အကိုင်မရှိမှ မဟုတ်တာဟူသော ခနဲ့တဲ့တဲ့ အကြည့်သာ ရမည်ဖြစ်ကြောင်း သိနေ၍ အလုပ်ရှုပ်ခံ၍ ထိုအကောင်ကို မမေးလိုတော့ ။ 

သူ့မူလရည်မှန်းချက် စားစားသောက်သောက် သေရန်စောင့် အတိုင်း အချိန်တန်လျှင် စားမည် သောက်မည် အိပ်မည် ။ စိတ်တိုစရာ လူကိုတော့ မေ့ထားလိုက်မည် ။ ထမင်းစားခန်းအဝမှ လှမ်း၍ မှော်မေးလိုက်မိသည်။

“ဒေါ်နန်း ဘာရှိလဲ ကျွန်တော်ရောက်ပြီ ”

“ မင်းမှာ မျက်လုံးပါတာပဲ ကြည့်ပေါ့ ”

စလာပြီ မဟူရာမှော် ထိုကောင်နှင့် မဆုံချင်သည်မှာ ဤကိစ္စများကြောင့်ပင် ။ ဒီနေ့ သူ စောစော မထလိုက်သင့်ဘူး ။ အိပ်မက်ထဲလည်း နှောက်ယှက် ။ အပြင်မှာလည်း မျက်နှာကြီးတွေ့လိုက်ရသေးတယ် ။ ဒါပေမဲ့ ထင်ရှား မျက်နှာ ချောင်ကျသွားသလိုပဲ ။ မျက်နှာချင်းဆိုင် မတွေ့မိတာပဲ ကြာသွားလို့များလား ။ 

After the host was gone, our love story beganWhere stories live. Discover now