🔸13🔸U

99 14 0
                                    

သက်တံ့ရောင်ခြယ် မေတ္တာ စံအိမ်ငယ်

အပိုင်း 13

“ မှော် ထူးထူးဆန်းဆန်း ဘယ်သွားမလို့လဲ ”

အပြင်သွားဖို့ ခြေလှမ်းပြင်နေသူကို ကြည့်ရင်း မျိုးရိုးထင်ရှား မထိန်းနိုင်တော့ဘဲ မေးလိုက်မိသည် ။ မှော်က အပြင်ထွက်လေ့ ရှိသူမဟုတ် ။ တီရှပ်နှင့် Pant အပွကို ဝတ်ထားသည်က လူငယ်ဆန်လွန်းသည် ။မှော်က ဖိနပ်ကြိုးချည်နေရင်း ပြန်ဖြေလာ၏ ။

“ အပြင်သွားမလို့ ”

အပြင်သွားမှာ သိတယ်လေ ။ ဘယ်သွားမလို့လဲလို့ မေးချင်တာကွ 

သို့သော် မေးလဲ ဖြေမည့် ပုံမရ သဖြင့် ကားသော့ကို ဆွဲယူကာ ထင်ရှား ပြောလိုက်သည် ။

“ လိုက်ပို့ပေးမယ် ”

“ ရတယ် ငါ့ဘာသာ သွားမယ် ”

“ လိုက်ပို့ ပေးချင်လို့ပါ ”

မှော်က သူ့ကို ရှုတည်တည် ကြည့်လာရင်း 

“ ငါ ဘယ်သွားမလို့လဲ သိလား ”

မသိသဖြင့် ထင်ရှား ခေါင်းခါပြလိုက်သည် ။

“ ဟင့်အင်း ”

မှော်က သူ့ကို မဲ့ပြုံး တစ်ပွင့်ဖြင့် ကြည့်လာပြီး တစ်လုံးချင်း ပြောလာ၏။

“ ထောင်ဝင်စာ သွားတွေ့မလို့ ”

မှော်က ဟိုကောင်ကို သွားတွေ့မလို့တဲ့

ထင်ရှား ရင်ထဲ ဒိန်းခနဲ ဖြစ်သွားသော်လည်း မျက်နှာ မပျက်အောင် ထိန်းလိုက်ရင်း

“ ရ တယ် လိုက်ပို့ပေးမယ် ”


သူ့ရှေ့မှ ခပ်နွမ်းနွမ်းလူကို မှော် သည်အတိုင်း စိုက်ကြည့်နေမိသည် ။ မျက်နှာထက်တွင် နွမ်းနယ်ဟန် အထင်သားအပြင် ရုပ်လည်း အတော်ကျသွားသည် ။ အတန်ကြာမှ ခပ်ယဲ့ယဲ့ အပြုံး တစ်ပွင့်နှင့်အတူ ထိုသူက ပြောလာ၏။

“ ကိုယ် ဘယ်လောက်အထိ အခြေအနေ ဆိုးနေပြီလဲ လာကြည့်တာလား ”

“ ဟင့်အင်း တောင်းပန်စကား လာပြောတာ 

တောင်းပန်ပါတယ် ကိုလင်းမြတ်ကို ဒီလို ဘက်တုန့်ပြန်ဖို့ မတွေးဖူးဘူး ”

After the host was gone, our love story beganWhere stories live. Discover now