🔸7🔸U

158 21 0
                                    

သက်တံ့ရောင်ခြယ် မေတ္တာစံအိမ်ငယ်
အပိုင်း ၇

မှန်စားပွဲပေါ်တွင် ဟောင်းနွမ်းနေသည့် ယုန်ရုပ်လေး ၊ အာပြဲကြီးနှင့် ငိုနေသည့် ကောင်လေးတစ်ယောက်၏ ဓာတ်ပုံ အဟောင်းတစ်ခု ၊ သစ်လွင်နေသည့် Black Card တစ်ခု ဖြန့်ကျဲနေရာယူထား၏။ ယုန်ရုပ်လေး၏ နားရွက်တစ်ဖက်နှင့် လက်တစ်ဖက်က ပြုတ်ထွက်ထားဖူးဟန်တူသည် ။ ပုံမကျစွာ ပြန်ချုပ်ထားပုံက ရုပ်ဆိုးလျက် ။

ထိုပစ္စည်းများကို ငေးစိုက်ကြည့်ရင်း မ‌ဟူရာမှော်၏ အတွေးတို့ကမူ ကပေါက်တိကပေါက်ချာ။

ဘာလို့များ ရှင်သန်နေရ‌သေးတာပါလိမ့်

မဟုတ်သေးဘူး ဘာလို့များ ရှင်သန်ဖို့ ကြိုးစားနေမိတာပါလိမ့်

ငြီးငွေ့ဖို့ ကောင်းလိုက်တဲ့ဖြစ်ခြင်း

ဘာအတွက် ရှင်သန်နေရတာလဲ ဘာအကြောင်းပြချက်နဲ့လဲ

ဘာအကြောင်းပြချက်မှ မရှိသလိုပါပဲလား

ဒါဆို ဘာကိစ္စနဲ့ ရှင်သန်နေဖို့ လိုအပ်နေရသေးတာလဲ

မစွန့်လွှတ်နိုင်သေးတဲ့ အတ္တတွေအတွက်လား

အဟက်

ခပ်သဲ့သဲ့ ရယ်သံက အခန်းကျယ်အတွင် တိုးသဲ့စွာ ထွက်ပေါ်လာ၏။ ကပိုကယို ကျဆင်းနေသော ဆံနွယ်တို့ကို မှော် လက်ဖြင့်ခပ်ကြမ်းကြမ်း သပ်တင်လိုက်ရင်း ကိုယ့်ကိုယ်ကိုယ် သရော်လိုက်မိသည် ။
မင်းက အရူးပဲ မဟူရာမှော်

မရှင်သန်ချင်ဘူး တွင်တွင် ပြောနေတာလည်း မင်းပဲ ။  သေရမယ်ဆိုတော့လည်း  မသေချင်ဘူး မလား ။ မရရအောင် ကုတ်ကပ်ပြီး ပြန်ရှင်သန်ဖို့ ကြိုးစားခဲ့တာက သက်သေပဲလေ

သေချင်စိတ်ပေါက်နေတဲ့သူတွေအတွက် ရေးထားတဲ့ စိတ်ခွန်အားဖြည့် စာအုပ်တွေကို ဖတ်တာလည်း အလွတ်တောင် ရွတ်နိုင်တော့မယ်

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားရမယ် ၊ ဝါသနာကို ရှာဖွေကြည့်ရမယ် ၊ အကောင်းဘက်က တွေးရမယ် ၊ ပျော်ရွှင်အောင်နေရမယ်

အဟက် ဘာလုပ်သင့်လဲဆိုတာ သိတယ် ၊ ဘယ်လိုစိတ်ထားသင့်လဲ ဆိုတာလည်း သိတယ် ၊ ဘယ်လို ပျော်ရွှင်အောင် နေထိုင်သင့်လဲ ဆိုတာလည်း သိတယ် ၊ ဒါပေမဲ့ အဲ့စာအုပ်တွေက သူ့အတွက် အသုံးမဝင်ပါဘူး ။ သူ့ရဲ့  မရှင်သန်ချင်တဲ့စိတ်ကို ဘယ်သူကမှ ပြောင်းမပေးနိုင်သေးပါဘူး

After the host was gone, our love story beganWhere stories live. Discover now