🔸10🔸U

158 12 0
                                    

သက်တံ့ရောင်ခြယ် မေတ္တာစံအိမ်ငယ် 

အပိုင်း 10

မျိုးရိုးထင်ရှားသည် ရင်းနှီးနေသော အိမ်ရှေ့တွင် ရပ်လိုက်ပြီး မထိန်းနိုင်ဘဲ အော်မိသွားသည်။

“ အမေ သားတို့လာတယ် ”

သူ့ အသံအဆုံး အရွယ်နှင့်မလိုက်အောင် ဖျတ်လတ်နေဆဲ ဒေါ်ရွှေရတနာသည် တံခါးဝဆီ ရောက်လာပြီးနောက် မျက်စောင်းဝင့်လျက် ပြောလာ၏။ မျက်နှာထက်တွင်တော့ သားဖြစ်သူ ရောက်လာသည့်အတွက် ပျော်ရွှင်နေဟန် အထင်းသား ။

“ နင့်အသံချည်းပဲ …မကြီးမငယ်နဲ့ ”

မျိုးရိုးထင်ရှားက အမေဖြစ်သူကို သွားဖက်လိုက်သည်တွင် အမေဖြစ်သူက ပြန်တွန်းထုတ်နှင့် သားအမိနှစ်ယောက် ရယ်မောပျော်ရွှင်နေကြစဉ် မှော် တိတ်ဆိတ်နေမိသည် ။ ထိုနွေးထွေးမှုများက သူနှင့် မသက်ဆိုင်ပါပေ ။

‌ဒေါ်ရွှေရတနာသည် သားဖြစ်သူကို တွန်းထုတ်လိုက်ပြီး မှော့်ကို ကြည့်၍ ပြုံးကာ မေးလာ၏။

“ ကြက်ဥပူတင်းရော ”

မှော် တိတ်ဆိတ်နေမိသည် ။ သူ မည်သည့်လေသံ သုံးရမှန်းမသိ ။ ပုံမှန် အငေါ်တူးသည့် လေသံလည်း မသုံးနိုင် ။ သူ မည်သို့ ဖြစ်သွားသည်မသိ နူးညံ့သော လေသံနှင့်အတူ လင်ရိ ပြောနေကျ ပုံစံအတိုင်း ပြောပေးလိုက်မိတော့သည် ။ သို့သော် နေသားမကျစွာ အထစ်ထစ် အငေါ့ငေါ့။ 

“ ဟို နောက်တစ်ခေါက်မှ ယူလာခဲ့ပါ့မယ် အ…အမေ ”

ဒေါ်ရွှေရတနာ၏ မျက်နှာထက် တမျိုးတမည် ဖြစ်သွား၏ ။ သို့သော် အမြန် ပြန်ထိန်းလိုက်ပြီးနောက် သူ့ကို တွယ်ကပ်နေသော သားဖြစ်သူကို တွန်းထုတ်လိုက်ပြီး 

“ ရှား အမေ  အခန်းထဲမှာ ဖုန်းကျန်ခဲ့လို့ သွားယူပေးပါလား ”

မျိုးရိုးထင်ရှားသည် အမေဖြစ်သူကို ကလေးအရွယ်ကလို တွယ်ကပ်နေရခြင်းကို စွဲလမ်းကာ ထပ်တွန့်တက်လိုက်သည် ။

“ အမေကလဲ ”

ဒေါ်ရွှေရတနာသည် အတင်းတွန်းထုတ်ရင်း

“ သွား သွား ငါ နင့်အဖေဆီ ဖုန်းဆက်မလို့ ”

ထိုအခါမှ မျိုးရိုးထင်ရှားလည်း အမေဖြစ်သူကို သိလိုက်ပါပြီ ဆိုသော ရွှတ်နောက်နောက် အကြည့်တစ်ချက် ပေးပြီးနောက် အိပ်ခန်းရှိရာဘက် ဦးတည်လိုက်သည်။

After the host was gone, our love story beganWhere stories live. Discover now