Chapter-41

1.6K 114 0
                                    



ပိတ်ရက်တွင် ပြန်လည်ပြုပြင်နေတဲ့အခြေအနေကို စစ်ဆေးရန် ဖုန်းထန်က ရှန်းရှန်းကို မိသားစုနေအိမ်သို့ ခေါ်သွားလိုက်သည်။ တစ်ချိန်တည်းမှာပင် ရှန်းရှန်းသည်လည်း သူမ၏ပိုင်ဆိုင်မှုအသစ်များကို စစ်ဆေးလို၏။ ၎င်းတို့သည် နောက်ဆုံးတွင် သူမ ကျားခြေသည်းမှ မရမကညှစ်ထုတ်ယူနိုင်ခဲ့သည့် အနည်းငယ်သော ပစ္စည်းလေးများသာဖြစ်သည်။

သူမရွေးချယ်လိုက်သော အရာများအားလုံးဟာ တလက်လက်တောက်ပနေသော လက်ဝတ်ရတနာများဖြစ်သောကြောင့် ရွှယ်ရှန်းရှန်းအနေဖြင့် အမျိုးသမီးတစ်ဦး၏မွေးရာပါ လိုချင်တပ်မက်မှုကို လှလှပပနှင့် အပြည့်အဝ ဖော်ဆောင်ထားသည်။ အမှန်တော့ လက်ဆောင်သဘောတူညီချက်ပါ နောက်ဆက်တွဲဓာတ်ပုံအချို့ကြောင့် သူမကို လုံးဝ မှင်တက်သွားစေခဲ့သည်။

ထိုလက်ဝတ်ရတနာတချို့ကို ကိုင်ကြည့်လိုက်ပြီးနောက် ရှန်းရှန်း စိတ်ကျေနပ်သွားကာ ဖုန်းထန်ကို ပြန်ပေးလျက်

"ဒါတွေကို လုံလုံခြုံခြုံ သိမ်းထားပေးဖို့က ရှင် ကူညီပေးတာ အကောင်းဆုံးပဲ"

ဖုန်းထန် ထိုလက်ဝတ်ရတနာများကို တစ်ချက်ကြည့်လိုက်ပြီး လက်ကောက်တစ်ကွင်းကို ကောက်ယူကာ သူမလက်ပေါ် ဝတ်ပေးလိုက်သည်။ ထို့နောက် သူက

"မင်းရဲ့ပစ္စည်းတွေအပေါ်ကြည့်တတ်ရှုတတ်ဖို့က တိုးတက်ဖို့လိုတယ်"

ထို့နောက် သူ သူမကို နည်းနည်းပါးပါး သင်ပေးလိုက်သည်။ သူက ပညာတတ်မိသားစုမှဖြစ်ပြီး ဤအရာများကို သဘာဝကျကျ တတ်ကျွမ်းသူဖြစ်သည်။ သနားစရာကောင်းတာကတော့ ရှန်းရှန်းမှာ နားထောင်ရတာ ရှုပ်ယှက်ခတ်နေပေမဲ့လည်း အရမ်းစိတ်ဝင်စားချင်ယောင်ဆောင်နေရမယ်။ သူမ နာကျင်နေရုံမှလွဲ ဘာမှမခံစားရတော့ဘူး။

ကံကောင်းစွာဖြင့် ဝမ်ပေါ်က မစ္စဖုန်းနှင့်ယန်ချင်းတို့ ရောက်ရှိလာကြောင်း အသိပေးလာခဲ့သည်။ ရှန်းရှန်း အောက်ထပ်ကို အရင်ဆုံး မြန်မြန်ပြေးဆင်းသွားလိုက်၏။

"ဘန်း"

ထူထဲလှသောအချက်အလက်တစ်ပုံတစ်ပင်ကြီးကို သူမရှေ့ ပုံထားလိုက်ပြီး မစ္စဖုန်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့်

Come and Eat, Shan Shan ( ဘာသာပြန် )Where stories live. Discover now