Chapter-5

2.7K 296 15
                                    



ချက်လက်မှတ် ဒါမှမဟုတ် ဝက်အသည်း.... ဘယ်လောက်ကြီးမားတဲ့ကွာခြားချက်ကြီးလဲ ၊ လွယ်ကူတဲ့ရွေးချယ်မှုက ရှန်းရှန်းကို ငိုချင်လာအောင်လုပ်နေ၏။ ဝက်အသည်း.. သူမ ဝက်အသည်း လုံးဝထပ်မစားချင်တော့ဘူး။ အကယ်၍ သူမ စားရမည်ဆိုပါက 'ဝက်အသည်းစားခြင်း(၁၈)ရက်' လို့ခေါ်တဲ့ အက်ဆေးတစ်ပုဒ်ကိုတောင် သူမ အလွယ်တကူ ရေးနိုင်ပေလိမ့်မည်။

ရှန်းရှန်းက

"နေ့တိုင်း နေ့လယ်စာပို့ပေးနေရတာက အရမ်းဒုက္ခများပါတယ်၊ ရှင် ထပ်ပြီးတော့ ပို့ပေးစရာမလိုတော့ပါဘူး ဟား ဟား"

ဖုန်းယွဲ့ ခေါင်းညိတ်၍

"ကောင်းပါပြီ ရှင်က ရုံးမှာအလုပ်လုပ်နေတာဆိုတော့ ရှင်ကအထူးဆက်ဆံခံနေရတယ်ဆို ကြည့်ကောင်းမှာမဟုတ်ဘူး"

ရှန်းရှန်း ဤကိစ္စကို မတွေးမိပေမဲ့လည်း သူမ သဘောတူ၏။ အများကြီး စိတ်သက်သာရာရသွားပြီ..

ခဏကြာစကားပြောဆိုပြီးနောက် ဂုဏ်ပြုအခမ်းအနားပွဲလည်းစတင်လာသည်နှင့် ကလေးလေးမှာလည်း စငိုလာတော့သည်။ ရှန်းရှန်းသည် နှုတ်ဆက်ရန် အခွင့်အရေးယူကာ တာဝန်ကျဝန်ထမ်းတစ်ယောက်ကို သူမအား ညစာစားသည့်နေရာသို့ ဦးဆောင်လမ်းပြခွင့်ပြုလိုက်၏။

ရှန်းရှန်းက TV ထဲကလိုပဲ လူတွေက ရှန်ပိန်တစ်ခွက်ကိုကိုင်လျက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလိမ့်လို့ ထင်ခဲ့ပေမဲ့ ဤပွဲမှာ တရုတ်ဂုဏ်ပြုအခမ်းအနားပွဲဖြစ်ဟန်တူသည်။

ဤနေရာသို့မလာခင် ရှန်းရှန်းသည် ဤဧည့်ခံပွဲသို့တက်ရောက်ရန် အကြွေးတောင်တင်ခဲ့သေး၏။ ထို့ကြောင့် သူမဟာ ယနေ့တစ်နေ့တည်းအတွက်တင်မဟုတ်ဘဲ အနာဂတ် N နေ့ရက်များအတွက်ပါ လုံလုံလောက်လောက်စားရမည်ဖြစ်သည်။ ထိုသို့သောရည်မှန်းချက်ဖြင့် ရှန်းရှန်းက အစီအစဉ်နှစ်ခုကို စီစဉ်ထားခဲ့သည်။

Plan A : အကယ်၍ ဧည့်ခံပွဲက အနောက်တိုင်းစတိုင်ဖြစ်ခဲ့ပါက သူမက ပန်းကန်ပြားတစ်ချပ်ကိုကိုင်၍ နေရာအနှံ့ ခိုးကြောင်ခိုးဝှက်လေး လမ်းလျှောက်နေမည်။

Plan B : အကယ်၍ ဧည့်ခံပွဲက တရုတ်စတိုင်ဖြစ်ခဲ့ပါက သူမက  ထိုင်နေရန် ချောင်အကျဆုံးထောင့်တစ်နေရာကိုရွေးလိုက်မည်။

Come and Eat, Shan Shan ( ဘာသာပြန် )Where stories live. Discover now