Chapter-38

1.4K 139 2
                                    



ရာသီဥတုက တဖြည်းဖြည်း အေးလာသည်။ နောက်ပိုင်း ရှန်းရှန်း အဝတ်အစားထပ်ဝယ်ဖို့ နှစ်ကြိမ်သွားခဲ့ပေမယ့်လည်း ဗီရိုထဲမှာတော့ သူမဟာ လုံးဝကိုအားနည်းတဲ့အနေအထားမှာရှိနေဆဲ။ တကယ်တော့ အများကြီးဝယ်ပြီးရင်လည်း သူမ အဲ့တာတွေအကုန်လုံးကိုမဝတ်နိုင်ဘူးလေ ၊ သူမက အထင်ကြီးအောင် ဝတ်စားတတ်တဲ့သူမျိုးမဟုတ်။

ယေဘူယျအားဖြင့်ပြောရလျှင် ရှန်းရှန်းအနေဖြင့် မကြာသေးမီကပင် အချစ်ရေးနှင့်အလုပ်အကိုင်နှစ်ခုစလုံးတွင် ကောင်းမွန်နေသည်ဟု ယူဆလို့ရနိုင်သည်။ အချစ်ရေးမှာ ဘာမှထပ်ပြောစရာမလိုတော့လောက်အောင် ကောင်းလွန်းနေရာ... အလုပ်အကိုင်အတွက်တွင်မူ တက်ရောက်သူဆုဟာ ကောင်းကင်မှာလွင့်မျောနေတဲ့တိမ်တိုက်တစ်ခုအဖြစ် ပြောင်းလဲသွားသော်လည်း သူမဟာ ဖုန်းထန်အဖွဲ့အစည်းကို တရားဝင် တစ်နှစ်ဝင်ရောက်ခဲ့ချေပြီ။

ဆိုလိုတာက သူမ နောက်ဆုံးတော့ လစာတိုးလာခဲ့ပြီ...

ဒီတစ်ခါတော့ လစာဘယ်လောက်တိုးမလဲဆိုတာ သူမသိချင်တယ် ၊ ရှန်းရှန်း ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် စောင့်မျှော်နေမိသည်။

သူမ၏အလေးထားစိတ်နဲ့မတူ ဤကိစ္စကိုတာဝန်ယူထားသောအဖွဲ့မှ အဆင့်မြင့်စီမံခန့်ခွဲရေးအဖွဲ့ကလည်း ထိုအကြောင်းကို စိုးရိမ်နေပါ၏။ လက်ရှိဖုန်းထန်(ကုမ္ပဏီနာမည်)တွင် ဘဏ္ဍာရေးဌာနမှ ရွှယ်မျိုးရိုးဆိုတဲ့ဝန်ထမ်းငယ်လေးနဲ့ ဥက္ကဌကြီးအကြားဆက်ဆံရေးကို မသိတဲ့သူမရှိ ၊ ဒီတော့ လစာဘယ်လောက်တိုးပေးမှ သင့်လျော်ပါမည်နည်း။

ဘဏ္ဍာရေးရေးဌာနအကြီးအကဲက အမြဲတမ်း ရိုးဖြောင့်တဲ့သူတစ်ယောက်ဖြစ်သည်။ ရှန်းရှန်း၏စွမ်းဆောင်ရည်အရ ထိုသူက ဘက်မလိုက်ဘဲ သူမအား ပျမ်းမျှလစာတိုးပေးလိုက်သည်။ သို့ရာတွင် အကဲဖြတ်ရန်အတွက် အဆင့်မြင့်စီမံခန့်ခွဲမှုဌာနသို့ တင်ပြလိုက်သည့်အခါ ထိုပုဂ္ဂိုလ်မှာ ထည့်သွင်းစဉ်းစားရမည့်ပြဿနာများ ပိုမိုများပြားလာခဲ့သည်။

ပျမ်းမျှလစာတိုးပေးရုံလောက်နဲ့ မစ္စရွှယ်နဲ့ဥက္ကဌကြီးတို့က မပျော်မရွှင်ဖြစ်သွားလောက်လား?

Come and Eat, Shan Shan ( ဘာသာပြန် )Where stories live. Discover now