Chapter-20

2.1K 210 2
                                    



ဖုန်းကိုင်ထားသောရှန်းရှန်းမှာ အကျပ်ရိုက်နေ၏။ သူမ တစ်ခါမှ မချစ်ဖူးခဲ့သော်လည်း တက္ကသိုလ်တက်နေစဉ် နှစ်အနည်းငယ်အတွင်းတွင် အခန်းဖော်များက တစ်ယောက်ပြီးတစ်ယောက် ချိန်းတွေ့ကြသည်ကို တွေ့ခဲ့ရသည်။ တစ်ခါက အဆောင်ကကောင်မလေးတစ်ယောက် ပြောဖူးခဲ့သည်မှာ ရည်းစားရှာတဲ့အခါ မင်းနားလည်နိုင်တဲ့သူ၊ ဖောက်ထွင်းမြင်နိုင်တဲ့သူကိုရှာရမယ်.. မဟုတ်ရင် ဘယ်လောက်ကောင်းတာဖြစ်ဖြစ် အကောင်းဆုံးပဲဖြစ်နေပါစေ မင်းနှစ်ခါပြန်စဉ်းစားရမယ်။

တစ်နည်းအားဖြင့် မင်း သူ့ရဲ့ password ကို သိဖို့လိုတယ်။

Big Boss....

password ကို ပြောနေစရာမလိုပါဘူး.. password ကို ဘယ်မှာရိုက်ထည့်ရမှန်းတောင် သူမ မသိဘူး။

သူမဦးခေါင်းကို ရေခဲရေတစ်ပုံးလောက် လောင်းချလိုက်သလိုပဲ.. ရှန်းရှန်း၏တလိပ်လိပ်တက်နေသောခံစားချက်များမှာ ရုတ်တရက် အေးစက်သွားပါတော့သည်။

ရုတ်တရက် ဖုန်းလိုင်းတစ်ဖက်တွင်ရှိနေဆဲဖြစ်သော ရွှမ်းယိသည် တစ်ခုခုမှားနေပြီဟု သဘောပေါက်သွားပြီး မယုံသင်္ကာဖြင့်

"ရှန်းရှန်း နင်ပြောခဲ့တဲ့သူက နင်ကိုယ်တိုင်တော့မဟုတ်ဘူးမလား"

"......မဟုတ်ဘူး" 

ရှန်းရှန်း ငြင်းဆိုလိုက်သည်။

"ဟား ဟား ဟား နင်မဟုတ်ဘူးဆိုတာ ငါသိပါတယ် နင်ကငါ့လိုပဲလေ.. နင် ကဒ်တစ်ကဒ်ကိုကောက်ယူလိုက်ရင်တောင် အဲဒါက ငွေမချေရသေးတဲ့အကြွေးဝယ်ကတ်တစ်ခုပဲ ဖြစ်ကောင်းဖြစ်နိုင်တယ်....."

ရှန်းရှန်း "........."

ဖုန်းချသွားပြီးနောက် ရှန်းရှန်းသည် ဈေးဆက်ဝယ်ရန် စိတ်မပါတော့သဖြင့် အိမ်သို့ မပျော်မရွှင် ပြန်လာခဲ့သည်။ အိမ်အပြန်လမ်းတွင် အမဲသားခေါက်ဆွဲသွားစားသော်လည်း စားချင်စိတ်လုံးဝမရှိ ၊ သူမ ဗိုက်နည်းနည်းဆာနေသည့်တိုင် သူမ ဘယ်လောက်ပင်ကြိုးစားနေပါစေ ကျန်နေသည့်ခေါက်ဆွဲများကို အပြီးမသတ်နိုင်ခဲ့။

နောက်တစ်နေ့ သူမ အလုပ်သွားရမည်။

ရှန်းရှန်းသည် နောက်ရက်အနည်းငယ်ကို အလုပ်များစေပြီး အာရုံလွှဲထားတော့၏။

Come and Eat, Shan Shan ( ဘာသာပြန် )Where stories live. Discover now