Chapter-1

5.9K 354 11
                                    


ကျွန်မတို့ရဲ့ဇာတ်လမ်းလေးကတော့ ရွှယ်ရှန်းရှန်းတစ်ယောက် ငါးရက်ဆက်တိုက်အချိန်ပိုဆင်းရာမှ အစပြုလာခဲ့တာပဲ..

ဝန်ထမ်းများကို အမျိုးသားအားလပ်ရက်များတွင် ပိတ်ရက်ပေးရမှာဖြစ်သော်လည်း ဘဏ္ဍာရေးဌာနရှိဝန်ထမ်းများကတော့ လချုပ်စာရင်းများကိုစစ်ဆေးရန်အတွက် အချိန်ပိုဆင်းရပေမည်။ ရွှယ်ရှန်းရှန်းလိုမျိုးဝန်ထမ်းသစ်တစ်ယောက်မှာ အစီရင်ခံစာတစ်ပုံတစ်ခေါင်းကြီးကို ကိုင်တွယ်ဖြေရှင်းနေရသည့်အတွက် သူမချာချာလည်မူးဝေလာကာ သူမခေါင်းပေါ်တွင်ကြယ်တွေတောင်မြင်နေရချေပြီ။

သုံးရက်မြောက်နေ့မှာတော့ မန်နေဂျာက လချုပ်စာရင်းအပြီးသတ်ပြီးကြောင်း ကြေငြာလာခဲ့၏။ ရှန်းရှန်းအိမ်ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် အိပ်ရာထဲခုန်ဝင်ကာ ချက်ချင်း အိပ်ပျော်သွားတော့သည်။

အိပ်မက်မက်နေစဉ်အချိန်တွင်း ရှန်းရှန်း ဖုန်းသံကြားလိုက်ရသည်။ သူမမျက်လုံးတွေပိတ်ထားရင်းဖြင့် ဖုန်းကိုရှာရန် အတန်ကြာစမ်းတဝါးဝါးရှာလိုက်ရ၏။ သူမ၏ဆဌမမြောက်အာရုံဖြင့် 'On'ခလုတ်ကိုနှိပ်၍ အိပ်ချင်မူးတူးဖြင့်ဖြေ၏။

"ဟယ်လို"

"ဟယ်လို မစ္စရွှယ်ရှန်းရှန်းပါလား?"

"အာ ဟုတ်ပါတယ်"

"ဒါက XXဆေးရုံကပါ.. ကျေးဇူးပြုပြီး XXဆေးရုံရဲ့သားဖွားမီးယပ်ဌာနကိုအခုချက်ချင်းလာခဲ့ပေးပါ"

"အာ....ကောင်းပါပြီ"

ဖုန်းတစ်ဖက်ရှိလူက တောင်ရောက်မြောက်ရောက်ပြောနေသော်လည်း ရှန်းရှန်းမှာမူ အာရုံမစိုက်အားပေ ၊ သဘောတူညီချက်ကိုလည်း တောင်စဉ်ရေမရပြောဆိုနေ၏။ နောက်ဆုံးတော့ ထိုလူကဖုန်းချသွားခဲ့သည်။

ကမ္ဘာကြီးကထပ်ပြီးငြိမ်းချမ်းသွားပြန်ပြီ ၊ ရှန်းရှန်းသည် ဆက်အိပ်ရန် စောင်ထဲသို့ပြန်တိုးဝင်လိုက်၏။ မိနစ်အနည်းငယ်ကြာပြီးနောက် ရှန်းရှန်း အိပ်ရာထဲမှထလာ၏။

အခုလေးတင် သူမဘာကြားလိုက်တာ? ဆေးရုံ?

! ! ! ! !

Come and Eat, Shan Shan ( ဘာသာပြန် )Where stories live. Discover now