Chapter-15

2.1K 243 4
                                    



ရှန်းရှန်းသည် မျက်တောင်မခတ်နိုင်ဘဲ လူအုပ်အလယ်ရှိ ဖုန်းထန်ကို ကြည့်နေသည်။

Big Boss က တကယ်ကို...

ပြီးပြည့်စုံခြင်းရဲ့ဥပမာတစ်ခုပဲ...

မီးဆိုင်းများက လင်းလက်တောက်ပနေပြီး ဖုန်းထန်မှာ ခန်းမထဲသို့ အေးအေးဆေးဆေး လျှောက်လာရာ အနောက်တိုင်းဝတ်စုံအပြင် အပေါ်မှအနက်ရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားကာ ထူးထူးခြားခြား ယောက်ျားပီသပြီးတောက်ပြောင်နေသည်။

ရှန်းရှန်း၏မျက်လုံးများမှာ အရပ်ရှည်ရှည်မန်နေဂျာတစ်ယောက်က သူမမြင်ကွင်းကို ပိတ်ဆို့လာသည်ထိ မသိစိတ်က သူ့ကိုလိုက်ကြည့်မိနေခဲ့၏။ ရှန်းရှန်း သူမအကြည့်တွေကို ပြန်ရုတ်သိမ်းပြီး လှည့်ပတ်ကြည့်လိုက်ချိန်တွင် အခြားသူများကလည်း သူမလိုမျိုး ငေးမောကြည့်နေကြသည်။ အချို့မှာ ပိုပြီးကောင်းကောင်းကြည့်နိုင်စေရန် ခြေဖျားထောက်၍ပင် မတ်တပ်ရပ်နေကြလျက်ရှိရာ မပျော်ရွှင်မှုများက သူမနှလုံးသားထဲ အနည်းနှင့်အများ ပြည့်နှက်သွားခဲ့၏။

မထီမဲ့မြင်ပြုနေလိုက်တာ!

Big Boss ကတော့ ထပ်ပြီး ခပ်မိုက်မိုက်လုပ်နေပြန်ပြီ!

ပရောပရည်လုပ်တက်တဲ့အမျိုးသမီးတွေကို ဆွဲဆောင်တဲ့ယောက်ျားတွေက လုံးဝမကောင်းဘူး ၊ ကြည့်ကောင်းအောင်လည်းဝတ်ထားသေးတယ်.. သူ့ကိုယ်သူ ဖက်ရှင်ရှိုးတစ်ခုမှာ catwalk လျှောက်နေတဲ့မော်ဒယ်တစ်ယောက်လို့ ထင်နေတာလား။

ရှန်းရှန်း သူမဘာသာရေရွတ်နေရင်း ရုတ်တရက် သူမ ရပ်နေသည့်ထောင့်တစ်နေရာသို့ Big Boss ၏မျက်လုံးတွေက စူးစိုက်ကြည့်နေကြောင်း သတိထားမိလိုက်သည်။

အာ....

သူမက ဖြစ်နိုင်ချေကိုစဉ်းစားရုံပဲရှိသေးတာ သူက သူမကို ရှာတွေ့သွားပြီတဲ့လား? Big Boss ရဲ့ခေါင်းထဲမှာ ရေဒါထောက်လှမ်းတဲ့ကိရိယာများ ရှိနေတာလား?

ရှန်းရှန်းသည် တောင့်တောင့်ကြီး တစ်ဖက်သို့လှည့်သွားကာ သူမရှေ့က အသားကင်များကို မမှိတ်မသုန် စိုက်ကြည့်နေရင်း...

Come and Eat, Shan Shan ( ဘာသာပြန် )Where stories live. Discover now