Chapter-32

2.1K 228 0
                                    



တစ်နာရီမပြည့်ခင် ဖုန်းချလိုက်ပြီးနောက် အကြီးတန်းလက်ထောက်ဖန်းက ရှန်းရှန်းအရှေ့တွင်ပေါ်လာသည်။ ထို့နောက် ဖိုးဖိုးရွှယ်ကို ဆေးရုံပြောင်းလိုက်၏။ နောက်ဆုံးတွင် ဤတစ်ကြိမ်၌မူ လူနာသုံးယောက်ဆန့်ရိုးရိုးအခန်းတစ်ခန်းဖြစ်သော်လည်း လစ်လပ်နေသောကုတင်တစ်လုံးရှိနေလေသည်။

ဒါက အကြီးတန်းလက်ထောက်ဖန်း၏လုပ်နိုင်စွမ်းမရှိခြင်းကြောင့်မဟုတ်ပေမဲ့ ဖုန်းထန်၏ဖုန်းထဲကညွှန်ကြားချက်မှာ — 'အကောင်းဆုံးဆရာဝန်ကိုရှာ ဒါပေမဲ့ ရိုးရိုးလူနာဆောင်မှာပဲနေခိုင်းလိုက်ပါ' ဟူ၍ပင်။

ဤစကားသည် အကြီးတန်းလက်ထောက်ဖန်းအား ဖုန်းထန်နှလုံးသားထဲရှိ ရွှယ်ရှန်းရှန်း၏နေရာကို ပြန်လည်သုံးသပ်မိစေသည်။ ပိုက်ဆံသုံးရတာ လွယ်ကူပေမဲ့ နှလုံးသွင်းဖို့ရာတော့ ခက်ခဲပါ၏။ ယင်းသို့ညွှန်ကြားချက်ပေးခြင်းသည် ဖုန်းထန်က မစ္စရွှယ်ကို အမှန်တကယ် ဂရုစိုက်ကြောင်း သိသာပါသည်။

ဒါတွေပြီးကိစ္စအားလုံးကတော့ ရိုးရှင်းပါတယ်။ ရွှယ်မိသားစုက ဘာမှစိုးရိမ်စရာမလိုတော့ဘူး။ ဆေးရုံလူနာဆောင်နဲ့ကုတင်ရှိတယ် ၊ အထူးကုဆရာဝန်လည်းရှိတယ်။ လူတိုင်းကလည်း ဖော်ရွေစရာကောင်းသောကြောင့် အဖိုးဖြစ်သူကို ကောင်းကောင်းဂရုစိုက်သရွေ့ အရာအားလုံးက အဆင်ပြေပြေပါပဲ။

သိပ်မကြာခင်မှာပဲ မစ္စဖုန်းလည်း စိုးရိမ်ကြောင်းပြရန် အမြန်ရောက်လာသည်။ ပထမဆုံးအနေဖြင့် သူမအား မဆက်သွယ်သည့်အတွက် ရှန်းရှန်းကို အပြစ်တင်၏။ ထို့နောက် အဖိုး၏ကျန်းမာရေးအခြေအနေအား လှိုက်လှိုက်လှဲလှဲ မေးမြန်းလာပြီး ရှန်းရှန်းမိသားစုကို နှုတ်ဆက်လိုက်သည်။ ကံမကောင်းစွာဖြင့် သူမက ရှန်းရှန်းအဒေါ်နှင့်ဦးလေးဖြစ်သူ၏မန်ဒရင်းဘာသာစကားကို နားမလည်နိုင်သောကြောင့် ရွေးချယ်စရာမရှိဘဲ လက်လျှော့လိုက်ရတော့သည်။

သူမ၏လက်ရှိအခြေအနေနှင့်ပတ်သတ်ပြီး ရှန်းရှန်းနှင့်စကားပြောဆိုပြီးနောက် ရွှယ်မိသားစုက ဟိုတယ်တစ်ခုမှာ တည်းခိုနေတာကိုသိလိုက်ရပြီး မစ္စဖုန်းက ချက်ချင်း ပြောလာ၏။

Come and Eat, Shan Shan ( ဘာသာပြန် )Where stories live. Discover now