Chapter-8

2.6K 277 18
                                    



ရွှယ်ရှန်းရှန်းသည် ဝင့်ကြွားစွာဖြင့် အသီးအရွက်ရွေးဖယ်ပေးရသူတစ်ယောက် ဖြစ်လာ၏။ ချမ်းသာကြွယ်ဝမှုက ထာဝရမတည်မြဲဘူးလို့ ပြောကြသော်လည်း ဆင်းရဲနွမ်းပါးခြင်းက ဂုဏ်ယူဖွယ်ရာပင် ၊ အာဏာရှင်အစိုးရကို ဖြုတ်ချသင့်တယ်။ ဒါပေမဲ့... ဒါပေမဲ့... ဒါပေမဲ့ သူမက အစမ်းခန့်ကာလကိုတောင် မကျော်ဖြတ်နိုင်သေးဘူး။

သို့သော် ရှန်းရှန်း ဆုံးဖြတ်ချက်ချထားလိုက်၏။ အစမ်းခန့်ကာလပြီးဆုံးသွားပြီးနောက် သူမက အချိန်ပြည့်ဝန်ထမ်းတစ်ယောက်ဖြစ်လာချိန်တွင် သူမ၏ရဲစွမ်းသတ္တိကို သူမ သေချာပေါက် ပြသရမည်။ သို့ပေမဲ့ ယခုအချိန် လုပ်ရန်အကောင်းဆုံးအရာမှာ Big Boss အတွက် အသီးအရွက်တွေရွေးဖယ်ပေးခြင်းဖြစ်သည်။

(၂၂)လွှာရှိ ဥက္ကဌကြီး၏ရုံးခန်းတွင် ရွှယ်ရှန်းရှန်းသည် ဧည့်သည်တွေ့ဆုံသောနေရာကဆိုဖာတစ်ခုပေါ်တွင်ထိုင်၍ ပဲစေ့တွေကိုရွေးဖယ်နေကာ ဖုန်းထန်နှင့်များစွာသောအကြီးတန်းဒါရိုက်တာများမှာတော့ အစည်းအဝေးခန်းတစ်ခု၌ အစည်းအဝေးလုပ်နေကြသည်။

အချိန်မှာ တစ်လနီးပါးရှိနေပြီဖြစ်သည်။ ရှန်းရှန်းသည် မစ္စဖုန်းက သူမအား ကယ်တင်ပေးရန် ပြန်လာလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပေမဲ့လည်း လွန်ခဲ့တဲ့နှစ်ရက်က မစ္စဖုန်းက ကနေဒါကိုသွားကြောင်း  Big Boss ကပြောလာခဲ့၏။

တကယ်လား.. ကလေးမွေးပြီးတာနဲ့ ဘာလို့ တစ်ကမ္ဘာလုံးကို ခရီးထွက်နေရတာလဲ? Big Boss ရဲ့မိသားစုက အရမ်းထူးဆန်းတာပဲ။

ဥပမာအနေနဲ့ Big Boss ကိုပဲကြည့်လိုက် ၊ သူ့ရဲ့အစားအသောက်ဇီဇာကြောင်တဲ့အကျင့်က မယုံကြည်နိုင်လောက်တဲ့ပမာဏထက်တောင် ပိုဆိုးနေသေးတယ်။ ဒီနေ့ သူက တစ်စုံတစ်ခုကိုစားနိုင်ပေမဲ့ မနက်ဲဖြန်တော့ စားမှာမဟုတ်ဘူး ၊ သူက အသီးအရွက်ဟင်းချိုကို စားမှာဖြစ်ပေမဲ့ အသီးအရွက်ကြော်ကိုတော့ စားမှာမဟုတ်ဘူး။

ရှန်းရှန်း သူမကိုယ်သူမ ပွစိပွစိပြောနေရင်း အစည်းအဝေးခန်းတံခါးက ပွင့်လာခဲ့သည်။ ဖုန်းထန်က ဒါရိုက်တာအဖွဲ့တွေ ဝန်းရံလျက် လမ်းလျှောက်ထွက်လာ၏။ ရှန်းရှန်း ဒီလူတွေကိုမသိပေမဲ့လည်း သူတို့အားလုံးက ကုမ္ပဏီမှာ အင်အားကောင်းသောပုံရိပ်ရှိကြောင်းကိုတော့ သတိပြုမိသည်။ သူမသည် ထိုင်နေတာက မယဉ်ကျေးမှန်း ခံစားရသည့်အတွက် သူမလက်ထဲကဇွန်းကိုအောက်ချ၍ သူတို့ကို ပြုံးပြရန် မတ်တပ်ထရပ်လိုက်၏။

Come and Eat, Shan Shan ( ဘာသာပြန် )Where stories live. Discover now