Chapter-17

2K 221 1
                                    



ဟား ဟား ဟား! သူမ မဟုတ်ဘူး၊ သူမ မဟုတ်ဘူး!

ရှန်းရှန်းမှာ စိတ်အေးသွားရလို့ ငိုချလုနီးနီးပဲ ၊ ပျော်လိုက်တာ.. တရားမျှတမှုက ဤကမ္ဘာကြီးမှာ တည်ရှိနေသေးတာပဲ။

ရှန်းရှန်းသည် ယုံကြည်ချက်အပြည့်ဖြင့် ရုတ်ခြည်း ကမ္ဘာကြီးကိုကြည့်လိုက်ကာ အခြားသူများနှင့်အတူ ကျယ်လောင်စွာ လက်ခုပ်တီးဩဘာပေးလိုက်သည်။

လက်ခုပ်သံများကြားတွင် ကျိုးရှောင်ဝေသည် ရှက်သွေးဖြန်းစွာ ရပ်နေမြဲဖြစ်ပြီး ဖုန်းထန်အား ရှက်ရွံ့စွာ ကြည့်နေ၏။ ဖုန်းထန်မှာတော့ ခံစားမှုမရှိ အသက်မပါဖြစ်နေသဖြင့် ရှန်းရှန်က Big Boss ကြီးမှာ သူ့ရင်းနှီးမြှုပ်နှံမှုတွင် ဆုံးရှုံးသွားတာကြောင့် မပျော်မရွှင်ဖြစ်နေတယ်ဟု ထင်သွားလေသည်။

သူမမှာ ဖုန်းထန်မျက်မှောင်ကြုတ်၍ကြည့်နေသည်မှ လွတ်မြောက်ရန် မျှော်နေစဉ်တွင် သူက သူ့ဒေါသကို သူ၏ပါတနာဖြစ်သော သူမ(ရှန်းရှန်း)ထံသို့ ဦးတည်နေ၏။

"ကိုယ့်ကိုဒီမှာစောင့်နေ ဘယ်မှမသွားနဲ့"

သူ့ဒေါသက အခု သူမဆီကို ဦးတည်နေတယ်။

သူကတော့ အလှလေးတစ်ယောက်နဲ့ တွဲကပြီးတော့ သူမကိုတော့ ဦးနှောက်မရှိသည့်ပုံစံဖြင့် ဒီနေရာမှာ ရပ်နေဖို့ အမိန့်ပေးထားတယ်...

ဝေါ့ဇ်တေးဂီတအသံ စတင်လာ၏။

ဖုန်းထန်သည် ကျိုးရှောင်ဝေဆီသို့ လျှောက်သွားကာ သူမအား တွဲကရန် ယဉ်ကျေးသမှုဖြင့် ဖိတ်ခေါ်ပြီး ကျိုးရှောင်ဝေကလည်း သူမလက်ကို ကမ်းထားသောလက်ထဲသို့ ရှက်ရှက်ဖြင့် ထည့်ပေးလိုက်သည်။

သူတို့နှစ်ယောက် dance floor သို့ ရွေ့လျားလာကြသည်။

ကျိုးရှောင်ဝေသည် ယနေ့ညတွင် ထူးထူးခြားခြား လှပနေကာ သူမက ၀တ်စားဆင်ယင်ရန် အများကြီးအားစိုက်ထုတ်ထားရတာပဲဖြစ်မည်။ သူမက အဖြူရောင်ချီဖွန်ဂါဝန်ကို ၀တ်ဆင်ထားပြီး သူမပခုံးသားတွေကို ဖော်ပြထားရာ ရင်ဘတ်ရှေ့၌ ဖြူစင်သည့်ပုံပေါက်သော်လည်း တစ်ချိန်တည်းတွင် ဆွဲဆောင်မှုရှိသော ဖောက်ထွင်းမြင်ရသော ဇာအလွှာတစ်ခုရှိနေသည်။

Come and Eat, Shan Shan ( ဘာသာပြန် )Where stories live. Discover now