"ခင်ဗျား အတ္တတွေလျော့စမ်းပါ
သားကို လွတ်"လပ်"ပေးနေပါ။သားကိုမချုပ်နှောင်ခြင်ပါနဲ့။"

"ငါ ပြောတဲ့ထဲမှာ ချုပ်နှောင်မယ်ဆိုတဲ့စကားလုံး တစ်လုံးမှမပါဘူး မောင်။ငါ့သားဖြစ်ချင်ဆန္ဒ၊ငါ့သားဝါသနာပါတယ်ဆိုရင် အစွမ်းကုန် supportလုပ်​ပေးမှာ ။ဆရာဝန်ကြီးဖြစ်ချင်တယ်ဆိုရင် အထွန်းတောက်ဆုံး၊အတော်ဆုံးဖြစ်ရမယ်။အဆိုတော်လုပ်ချင်တယ်ဆိုရင် နောက်ကနေ အတောက်ပဆုံးအဆိုတော် ဖြစ်အောင်supportပေးမှာ။အရှင်းဆုံးပြောရရင် ငါ့သားက သေနတ်ကိုင်မယ်ဆိုရင်တောင် ငါက​နောက်ကsupportပေးမှာ။မတိကျ မရေရာတာငါမကြိုက်ဘူး။အလုပ်တစ်ခုကိုမလုပ်ဘူးဆိုလည်းမလုပ်နဲ့ လုပ်မယ်ဟေ့ဆိုရင်လည်း အဆုံးထိလုပ်။ဒီအရွယ်က ပြုပြင်လို့အကောင်းဆုံးအရွယ်ဘဲ"

"မောင်..တောင်း"

"မတောင်းပန်နဲ့မောင်
မင်းလည်း မင်းကလေးအတွက် အတ္တရှိတယ်ဆိုတာ ငါ့သိပြီးသား။"

"မောင့်စကားက နည်းနည်းလွန်သွားတယ် Baby မောင် မပြောသင့်တာကို ပြောမိသလိုဖြစ်သွားတယ်"

"ငါပြောခဲ့တယ်မလား မောင်ဘာလုပ်လုပ် ဘာပြောပြောအမြဲခွင့်လွှတ်နေမှာလို့"

"ချစ်တယ် Baby"

"ရစ်ရော ချစ်တယ် Baby"

အောက်ကနေ ခက်မုန်းခြေသလုံးဖက်ကာ Babyထလုပ်နေတဲ့ကလေးကြောင့် ခက်မုန်းမျက်နှာကြီးသည် နီတက်လာတော့သည်။ရှေ့က လူကိုမျက်စောင်းထိုးတော့ မသိမသာလေးရယ်ပြသည်။

"ငရစ် ဖေအေကို Babyလိုမခေါ်နဲ့လို့မှာထားတယ်မဟုတ်လား"

"Babyကလည်း..."

ဖအေနှစ်ယောက်စကားများနေမှန်းသိလိုထင်သည် သူ့ဘာသူမျက်နှာသစ်လာပုံရ။ငါးနှစ်သားရစ်ရစ်သည် သူမတူအောင် လည်သည်။ဆိုးတဲ့နေရာမှာလည်း ဘယ်လိုဆိုးရမှန်းသိသလို လူကြီးတွေ တစ်ခုခုဖြစ်နေရင် ဘယ်လိုနေရမှန်းလည်းအလိုက်သိသည်။

"ရေသွားချိုးတော့ ရစ်ရစ်
ဖေ ထမင်းချိုင့်ပြင်ပေးထားမယ်"

"ဖေ"

"ဘာတုန်း!"

"Daddy"

"ဗျာ!"

Villain is Your Husband (season-2)Where stories live. Discover now