ခန္ဓာကိုယ်လေးရော မျက်နှာလေးပါ Chanyeol ဘက်လှည့်လာတဲ့ကောင်လေးနှင့် အကြည့်ချင်းသေချာဆုံစေလိုက်သည်။ကောင်လေး ပါးစပ်တပြင်ပြင်ဖြစ်နေပုံက တစ်ခုခုပြောချင်နေတာသေချာပါသည်။

"ပြောချင်တာကို ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ် ကောင်လေးရဲ့"

"ကျွန်တော်..."

"အင်း"

"ကျွန်တော်တို့ တိတ်တိတ်လေးပဲချစ်ကြရအောင်လားဟင် ဦး"

"ဟင်....."

"ဟို...ကျွန်တော်တို့ ချစ်နေကြတာကို ဘယ်သူမှမသိစေဘဲနဲ့လေ"

Chanyeol ဆွံ့အသွားမိသည်မှာ အကြီးအကျယ်။အခု ဒေါက်တာ Park Chanyeol ကကိုယ့်ထက် ၁၅နှစ်လောက်ငယ်တဲ့ ကလေးဆီကနေ silent တွဲဖို့ပြောခံနေရတာလား။

"နောက်ပြီး.....ကျွန်တော်တို့ ဒီတိုင်းလေးပဲချစ်ပြီးနေသွားကြမယ်လေ၊ ဟို...လက်မထပ်ဘဲနဲ့လေ၊ ဟင် ဦး"

"................"

Silent တွဲဖို့တင်မဟုတ်ဘဲ အပျော်ကြံခြင်းပါခံနေရတာပါလား။Chanyeol သူ့အဖြစ်ကိုသူ ရယ်ရမလိုလို၊ ငိုရမလိုလို။မျက်စိရှေ့မှာ အပီအပြင်ပြောနေတဲ့ ကောင်လေးကတော့ မျက်ဝန်းတွေထဲမှာစိတ်အားထက်သန်မှုတွေဖြင့်။

"နော် ဦး"

အဲ့လိုလုပ်လို့ရမလား၊ ဘယ်သူကခွင့်ပြုမှာလဲ။Chanyeol ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီး အလျင်စလိုဖြင့် ပါးပြင်ဖြူနုနုတစ်ဖက်အား အနမ်းခြွေပစ်လိုက်သည်။မဟုတ်တာတွေပြောနေသူလေးကို သေချာပေါက်အပြစ်ပေးသင့်တာပေါ့။

"ရွှတ်!"

"အင်! ဦး"

ကောင်လေးရဲ့ခေါင်းလေးဟာ ကားပြတင်းပေါက်နားထိကပ်သွားပြီး အနမ်းခံရတဲ့ပါးကို လက်ဖဝါးနှစ်ဖက်ဖြင့်စုံအုပ်ကာ Chanyeol ကိုပြူးကြောင်ကြောင်လေးကြည့်နေသည်။

"အင့်!"

ဝေးသွားတဲ့ကိုယ်လုံးလေးကို ခါးသိမ်သိမ်လေးကနေလက်တစ်ဖက်တည်းဖြင့်ဖက်ကာ ပြန်ဆွဲခေါ်လိုက်တော့ ဆွေ့ခနဲပါလာပြီး Chanyeol ရဲ့လည်စလုတ်အနားမှာ မျက်နှာလေးကပ်သွားသည်။

Chanyeol တံတွေးအသာမြိုချလိုက်ပြီးမှ ငုံ့ကြည့်လိုက်တော့ ကောင်လေးကလည်း မျက်လုံးအဝိုင်းသားဖြင့်မော့ကြည့်လာပါသည်။

Perfect Love [onging]Where stories live. Discover now