"ရပြီ ကောင်လေး၊ ဖိနပ်ကအသစ်ပဲကို ဘာမှမပေပါဘူး"

"နောက်ဆို ကျွန်တော့်ဘာသာပဲချည်ပါ့မယ်၊ ဦး အဲ့လိုမျိုးတွေထိ လုပ်ပေးဖို့မလိုပါဘူးဗျ"

"ကိုယ်က ကောင်လေးရဲ့ပထမဦးဆုံးကျောင်းတက်ရက်မှာ ဘာအတွက်ကြောင့်နဲ့မှ ခြေလှမ်းတွေမပျက်စေချင်လို့ပါ"

"..............."

"လာ သွားကြမယ်"

သူ့ကိုတမေ့တမောငေးကြည့်နေတဲ့ကောင်လေးရဲ့လက်ဖဝါးနုနုတစ်ဖက်အား Chanyeol ဆုပ်ကိုင်ပြီး ကျောင်းဆောင်ဆီသို့ဦးတည်လိုက်တော့သည်။

:

Baekhyun တက်ရမည့်အထက်တန်းပထမနှစ်ကျောင်းခန်းက ကျောင်းဆောင်ကြီး၏တတိယထပ်မှာရှိတာဖြစ်သည်။

လမ်းတစ်လျှောက် Chanyeol ဟာ Baekhyun ရဲ့လက်ကိုတင်းတင်းဆုပ်ကိုင်ထားပြီး ပတ်ဝန်းကျင်မှအကြည့်တွေကိုလည်းဂရုမစိုက်ပါဘဲ ကိုယ်သွားလိုရာနေရာကိုသာဦးတည်သွားသည်။Baekhyun ဟာလည်း သူ့ဦးရဲ့အနောက်ကနေ ထပ်ကြပ်မကွာလိုက်ပြီး ပတ်ဝန်းကျင်အား ဟိုဟိုဒီဒီစူးစမ်းကြည့်နေပါသည်။

တစ်နေရာအရောက်မှာ Baekhyun ရဲ့အကြည့်တွေရပ်တန့်သွားပြီး မျက်ခုံးလေးမသိမသာတွန့်ချိုးသွားသည်။ထို့နောက် သူ့ဦးရဲ့လက်ကို ပို၍တင်းတင်းဆုပ်ကိုင်လိုက်ပြီး အနောက်နည်းနည်းရောက်နေရာကနေ ဘေးတိုက်အနေအထားဖြင့်ယှဉ်လျှောက်လိုက်ပါသည်။

Baekhyun တို့နှစ်ယောက်ထိုနေရာမှဖြတ်ကျော်သွားသောအခါ အနောက်မှာကျန်ခဲ့တဲ့ကျောင်းသူအုပ်စုကတော့ ကျောပြင်ကျယ်ကြီးကိုပိုင်ဆိုင်ထားသည့်ခန့်ညားချောမောသောအမျိုးသားနှင့် သွယ်လျလျဖြင့်ချစ်ဖို့ကောင်းနေပါသောကောင်လေးကြောင့် ခုန်ပေါက်မြူးတူးစွာဖြင့်ကျန်ခဲ့ကြပါတော့သည်။

"ဒီအခန်းပဲ ကောင်လေး"

အခန်းရှေ့ကိုရောက်တော့ Chanyeol ကောင်လေးရဲ့လက်ကိုလွတ်ပြီး ပုခုံးကိုပြောင်းဖက်လိုက်သည်။ထို့နောက် အခန်းအတွင်းစနည်းနာလိုက်တော့ ကျောင်းသား၊ကျောင်းသူတော်တော်များများကိုတွေ့လိုက်ရပါသည်။ကျောင်းတက်ချိန်လိုသေးတာတောင် အခန်းအတွင်းလူစုံနေပြီဆိုတော့ ကျောင်းစဖွင့်တဲ့ပထမဦးဆုံးရက်မို့ ကလေးတွေအတော်လေးတက်ကြွနေကြတယ်ထင်သည်။

Perfect Love [onging]Where stories live. Discover now