🥀-16

190 30 6
                                    

မနက်၃နာရီ

jeongwoo တစ်ရေးနိုးလာထခြင်းဖြစ်သည်..

''အား...ခေါင်းကိုက်လိုက်တာကွာ ''
ဂွီ!!!

''ခေါင်းကိုက်ရတဲ့ထဲ...ဗိုက်ကလဲဆာပြန်ပြီ ''

အောက်ထပ်ကမီးဖိုခန်းထဲဆင်းလာလိုက်တယ်။
ရေခဲသေတ္တာထဲမှ အသင့်စားပဲခေါက်ဆွဲဘူးကိုယူကာ စားနေရင်း ဧည့်ခန်းဘက်ကိုလျှောက်လာလိုက်တယ်...

''အမ်..ဧည့်ခန်းထဲကဘယ်သူလဲ ''

ညကြီးအချိန်မတော် ဘယ်သူကTVကြည့်နေတာလဲ

''harutoလား ''

''ဂျောင်ဝူးတစ်ရေးနိုးလာတာလား ''

''အွန်း...ငါဗိုက်ဆာလို့နိုးလာတာ..မင်းရောမအိပ်သေးဘူးလား ''

''အိပ်မပျော်လို့ ''

''အော...''

''ဂျောင်ဝူး ဒီမှာလာထိုင်..ဘာလို့အစားအသောက်ကို မတ်တပ်ရပ်ပြီးစားနေတာလဲ ''

''မေ့သွားလို့ ''

''ဒါဆိုလာ..ဒီမှာလာထိုင် ''

ဟာရူတိုကသူ့ဘေးနားကိုပုတ်ပြတာကြောင့် ဟာရူတိုဘေးသာဝင်ထိုင်လိုက်တယ်

''သက်သာသွားပြီလား ဘယ်လိုနေသေးလဲ ''

''အင်း သက်သာသွားပြီ..ခေါင်းပဲနဲနဲကိုက်တော့တာ ဒါနဲ့ငါနေမကောင်းတာမင်းဘယ်လိုသိတာလဲ ''

''ငါbarကပြန်ရောက်တော့ မင်းအိပ်နေပြီဆိုလို့ အခန်းထဲခဏဝင်ကြည့်တာ..အဲ့မှာမင်းကိုယ်တွေအရမ်းပူနေလို့ ငါရေပတ်ဝတ်တင်ပြီး ဆေးတိုင်ပေးထားတာ ''

''ကျေးဇူးပဲ ''

''မလိုဘူး..မင်းဖျားနေတာကိုဘာလို့ငါ့ကိုမပြောတာလဲ ငါသာဝင်မကြည့်ရင် မင်းဂါကိုပြောဖို့အစီအစဥ်မရှိပုံပဲ ''

''မဟုတ်ပါဘူး အရေးမကြီးလို့မပြောတာပါ ''

''ဒါအရေးမကြီးတာလား..ငါ့အတွက်တော့မင်းနဲ့ပတ်သက်ရင်အကုန်အရေးကြီးတယ် ''

''......''

jeongwoo ဒီလိုစကားတွေကြားတိုင်းမျက်နှာပူလွန်းလို့ သူ့အကျင့်လေးအတိုင်းလက်မသာကိုက်နေမိတော့တယ်..

''ခုနတုန်းက ငါတော်တော်လေးစိတ်ပူသွားတာနော် နောက်အဲ့လိုငါ့ကိုမပြောပဲနေရဲနေကြည့် ငါ့အခန်းထဲငါနဲ့အတူလာအိပ်ရမယ် ''

''အင်း ''

''အင်းဆိုတာဘာလဲ..လာအိပ်မယ်ပြောတာလား ''

''မဟုတ်ပါဘူး!..နောက်တစ်ခါမင်းကိုပြောမယ်လို့ပြောတာ ''

''ပြီးတာပဲ ''

''ငါသွားအိပ်တော့မယ် ''

''ခဏ''

''ဟင်..? ''

ရုတ်တရက် ဟာရူတိုလက်က ဂျောင်ဝူးမျက်နှာကိုကိုင်ကာ လက်မနဲ့နှုတ်ခမ်းကိုအသာပွတ်လိုက်တာကြောင့် ခဏကြောင်သွားမိသည်..

''ဘာ..ဘာလုပ်တာလဲ ''

''နှုတ်ခမ်းနားမှာ ပဲတွေပေနေလို့ ''

''အာ..အော..ကျေးဇူး ငါသွားပြီ ''

ထပြေးဖို့လုပ်နေသူကိုလက်ကောက်ဝတ်ကလှမ်းဆွဲကာ

''ဟေး..ခဏနေပါအုန်း မပြောင်သေးဘူး သုတ်ပေမယ် ဒီကိုလာ ''

''ရ..ရတယ် ငါ့ဘာသာသုတ်လိုက်မယ်..သွားပြီ Goodnight ''

jeongwooပြေးထွက်သွားတာကြည့်ရင် Rutoနှစ်နှစ်ခြိုက်ခြိုက်ပြုံးမိလိုက်သည်..။

ရှက်သွားပြန်တာလား.......

***** ***** ******* ****** ***** *****
ဒီမှာတစ်ခုရှင်းပြချင်တာက..အရင်ကဂျောင်ဝူးကအလုပ်သမားတွေနေတဲ့အခန်းမှာနေပေမယ့်..rutoနဲ့တွဲပြီနောက်မှာ..rutoကသူ့အခန်းဘေးကိုပြောင်းခိုင်းလိုက်တာပါနော်...

အရင်ကနေတာတစ်နေရာအခုကတစ်နေရာဆိုပြီးဖြစ်နေမှာဆိုးလို့

****** ******* ******* *******

You've reached the end of published parts.

⏰ Last updated: Nov 01, 2023 ⏰

Add this story to your Library to get notified about new parts!

အဆိပ်ပင်(Hajeongwoo)Where stories live. Discover now