🥀-12

246 31 9
                                    

11:36 PM (at clubs )

ရူတိုကိုလိုက်ချောင်းချင်လို့သာ clubကိုလိုက်လာတာ..အရက်နံ့တွေသိပ်ခံနိုင်တာမဟုတ်..မီးရောင်စုံတွေကလဲတဖြတ်ဖြတ်နဲ့လူကခပ်များများ မျက်စိတကယ်နောက်လွန်းတယ်..များပြားလှတဲ့လူငယ်တွေကြား မျက်စိကိုအလုပ်ပေးပြီး ဟာရူတိုကိုရှာနေမိတယ်..

အဟက်..တွေ့ပါပြီ ရင်ဘတ်ကိုဓားနဲ့မွှန်းခံရသလိုနာကျင်စေတဲ့မြင်ကွင်းမျိုးနဲ့..ဟယ်ဒင်းကိုရင်ခွင်ထဲထည့်ထားကာအရက်သောက်နေသူက သူ့ကိုမယုံဘူးလားလို့မေးခဲ့သည့်သူပင်။..ငါမင်းကိုမယုံခဲ့တာမှန်သွားပြီ.. ဒီလိုပုံစံပဲလာမယ်ဆိုတာသိနေသားပဲ ငါသာမလိုက်လာရင် ငါအရူးထပြီးယုံချင်နေအုန်းမှာ..တကယ်မကောင်းတဲ့ကောင်။

ပတ်ဂျောင်ဝူးလဲစိတ်ညစ်ညစ်လဲ အိမ်မပြန်ပဲရောက်လက်စနဲ့မသောက်နိုင်တဲ့အရက်တွေ ကြိတ်မှိတ်သောက်နေမိတယ်..မူးပြီးအကုန်မေ့သွားလဲကောင်းတာပဲ..

တီ~တီ~တီ~တီ~တီ...

''အာ..အရေးထဲဘယ်သူဆက်တာလဲ..အော်..Hyungပဲ ''

''hello..jeongwoo ''

''အွန်း..hyungဘာကိစ္စလဲ ''

''ကိစ္စရှိမှဆက်ရမှာလားကွ..ပျင်းလို့ဆက်တာ ''

''အော်... ''

''jeongwoo ''

''ဗျားးးး''

''အသံတစ်မျိုးဖြစ်နေသလိုပဲ ''

''ဘာဖြစ်လို့လဲ Hyungကလဲ..အေ့ ''

''မင်းမူးနေတာလား ''

''အွန်း..နဲနဲ''

''မင်းအခုဘယ်မှာလဲ ''

''***clubမှာ ''

''ဘာ! clubမှာဟုတ်လား..ဒီကလေးကတော့သွားလေ့သွားထမရှိပဲနဲ့ကွာ..မသောက်နိုင်တဲ့အရက်တွေလဲလျှောက်သောက်နေတာလား..တကယ်ပါပဲ ''

''အေးဆေးပါ hyungကလဲ ဟီးဟီး ''

''သေချာနေပြီပဲ..မင်းမူးနေပြီ hyungအခုလာခေါ်မယ်အဲ့clubကနေခြေတစ်ဖဝါးမှမကြွနဲ့ကြားလား..''

''ဟုတ် ''

''ဟာ..ဒီကလေးကတော့ ''

ဂျာကင်တစ်ထည်ကိုကောက်ဝတ်ကာ ကားသော့ယူပြီးသွားဖို့လုပ်နေသူကို ဆာဟိသိချင်ဇောနဲ့ဝင်မေးလိုက်တယ်

အဆိပ်ပင်(Hajeongwoo)Where stories live. Discover now