🥀-6

158 29 15
                                    

''ဂျောင်ဝူးထတော့လေ ''

'' အမေရယ် အစောကြီးရှိသေးတာကို.ခဏလေးပါ ခဏပဲထပ်အိပ်ချင်လို့ ''

''မျက်လုံးကိုအရင်ဖွင့်ကြည့်အုန်း မင်းအမေမဟုတ်ဘူး မင်းရည်းစား''

''ဟင်..ရား...''

''အ့..သေပြီ ''

မျက်လုံးအစုံကိုအားတင်ပြီးဖွင့်လိုက်ချိန် မိမိပေါ်ကနေအုပ်မိုးကာကြည့်နေသည့်လူကြောင့် အလန့်တကြားထထိုင်မိလိုက်တာကြောင့် ထိုလူနှာခေါင်းနဲ့ ကျတော်နှဖူးဆောင့်မိသွားသည်.

''သေပြီတကယ်..ပတ်ဂျောင်ဝူးမင်းဘာလို့ရုတ်တရက်ကြီးထထိုင်လိုက်တာလဲကွာ ''

''မင်းကရောဘာလို့ ငါအခန်းထဲထိရောက်လာပြီး အခုလိုကြီးအပေါ်ကနေကြည့်တာလဲ ''

''ငါ့ရည်းစားအခန်းထဲငါလာပြီး ငါ့ရည်းစားငါကြည့်တာဘယ်သူ့ဂရုစိုက်ရမှာလဲ ''

''မဟုတ်ဘူးလေကွာ ''

''ဘာကိုမဟုတ်တာလဲ ကိုယ့်ရည်းစားအသံတောင် အမေနဲ့မှားရတယ်လို့ ''

''အဲ့လိုမဟုတ်ပါဘူး ဟာရူတိုရာ..မင်းကရုတ်တရက် ဂျောင်ဝူးလို့ခေါ်လိုက်တော့အမေထင်သွားလို့ပါ အရင်ကမင်းက ပတ်ဂျောင်ဝူးလို့ခေါ်နေကြကြီးလေ..ဂျောင်ဝူးလို့ခေါ်တာငါအမေပဲရှိတာလေအဲ့တာကြောင့်ပါ ''

''စကားကြောရှည်လိုက်တာ နောက်လဲငါအဲ့လိုပဲခေါ်မှာ ''

''ဘာလို့လဲ ''

''မင်းရည်းစားမို့..မင်းလဲငါ့ကိုဟာရူတိုလို့မခေါ်နဲ့တော့ ရူတိုလို့ပဲခေါ်တော့ ငါ့ကမင်းရည်းစားမို့ ''

'' ဟင့်အင်း ''

''ဘာကိုဟင့်အင်းလဲ ''

''ရူတိုလို့မခေါ်ချင်ဘူး..ဟာရူတိုလို့ခေါ်ရတာ နှုတ်ကျိုးနေပြီမို့ အရင်လိုပဲခေါ်မယ်လေ ''

''မင်းကငါ့စကားကိုအဖက်မလုပ်တာလား ငါ့ခေါ်ဆို 'အင်း ခေါ်မယ်' ဆိုပြီးဖြစ်နေရမှာလဲ ဘာကိုအထွန့်တက်နေတာလဲ ရူတိုလို့ပဲခေါ် ''

''အင်းပါ ''

ရည်းစားဖြစ်သွားတာတောင် အခုထိအာဏာပြတုန်းပဲလား အေးပေါ့သူကငါ့ကိုချစ်လို့တွဲတာမှမဟုတ်တာ သူပိုင်တဲ့သူ့အစေခံအရုပ်မို့ ထိန်းချုပ်ထားရုံသက်သက်ပဲဟာ..ဘာတွေမျှော်လင့်နေသေးတာလဲပတ်ဂျောင်ဝူး သူ့ဆီကချစ်ခြင်းမေတ္တာလား မရူးစမ်းပါနဲ့ကွာ မတန်မရာကိုလိုချင်နေလားဆိုပြီး ထပ်ရိုက်ခံနေရမယ်..

အဆိပ်ပင်(Hajeongwoo)Where stories live. Discover now