🥀-11

172 30 5
                                    

'' ပတ်ဂျောင်ဝူး မင်းကိုငါတော်''အမြင်ကတ်လာပြီ..သူတော်ကောင်းဝင်ဝင်လုပ်နေသိလား..မင်း ''

''ရူတိုရာ..ငါကမင်းကိုလူမုန်းမများစေချင်လို့ပါ ''

''လူမုန်းများလဲငါကဘယ်သူ့ကိုမှဂရုစိုက်တတ်တဲ့ကောင်မဟုတ်ဘူး..မုန်းပေါ့..မင်းကိုလုပ်တဲ့ကောင်တွေကိုတော့ငါဒီတိုင်းမထားနိုင်ဘူး ''

''အခုငါမှဘာမှမဖြစ်တော့တာပဲကို..''

''ဘာမှမဖြစ်လို့ပဲ..မင်းဆေးရုံမှာတစ်ပတ်လောက် လဲသွားတာမလားဟမ်..''

''ဒါပေမယ့် အခုသက်သာနေပြီပဲ ''

''မင်းဘာသာမင်းသက်သာတယ်ပဲပြောပြော ငါကတော့အွန်းဂျူကိုမကျေနပ်သေးဘူး..အဲ့မိန်းမဂျိုကြွနေတာ ''

'' ဒေါသကိုရှေ့တန်းမတင်ပါနဲ့ ရူတိုရယ် ''

''တင်မှာပဲ..သူတို့ကိုမသတ်လိုက်ရတာပဲနာတယ် အဲ့တာမင်းကြောင့်ပတ်ဂျောင်ဝူး ''

''အင်း ဟုတ်တယ်အဲ့တာငါ့ကြောင့်...အဲ့တာကြောင့်ငါ့အပေါ်ကိုပဲမင်းဒေါသတွေပုံချလိုက်..တခြားသူတွေအမုန်းမခံပါနဲ့ ''

''ကျစ်...မင်း..ဟူးးးအခုသက်သာလား ''

''ဟမ်..ဘာကို''

''မင်းဒဏ်ရာတွေသက်သာလားလို့ကိုက်တာခဲတာရှိလား ''

''တော်တော်လေးသက်သာနေပြီ ''

''ပြီးရော..မင်းသွားတော့ ကိုယ့်အခန်းကို ''

''အွန်း..ဒေါသအရမ်းထွက်မနေနဲ့အုန်း ''

''လျှာမရှည်နဲ့ သွားတော့ ''

''အွန်းပါ ..''
______________________
''ဟဲ့ နင်ဟိုသတင်းကြားပြီးပြီလား''

''အွန်းဂျူ ကျောင်းထွက်သွားပြီတဲ့ သူ့အနောက်တစ်ကောက်ကောက်လိုက်နေတဲ့ဟိုမြောက်ကြွမြောင်ကြွနှစ်ကောင်ရောပဲတဲ့..''

''ဟုတ်လား ဘာလို့လဲ ''

''သူတို့ကျောင်းပြောင်းတာ ဟာရူတိုရဲ့ဂယောဂလဲမကင်းဘူးဟ ''

''ဟာရူတိုကပတ်ဂျောင်ဝူးနဲ့တွဲနေတာကို အွန်းဂျူကမကျေနပ်လို့ဆိုပြီး...ဟိုနှစ်ကောင်ကိုခိုင်းပြီး ဝိုင်းရိုက်ခိုင်းတာတဲ့''

အဆိပ်ပင်(Hajeongwoo)Where stories live. Discover now