"ပတ်ဂျောင်ဝူး!!! "
သူ့ကိုဘာမှမပြောပဲ ပြန်သွားတဲ့ဂျောင်ဝူးကြောင့်ဒေါသပုန်ထကာ အိမ်ကိုဒုန်းဆိုင်းမောင်းလာပြီး အိမ်ရောက်တော့ဂျောင်ဝူးအခန်းကိုတန်း''မတ်''လြှောကျလာကာ တံခါးကိုအရှိန်နဲ့တွန်းဖွင့်လိုက်တယ်
'' ပတ်ဂျောင်ဝူးအခုချက်ချင်းထစမ်း ''
အိမ်မောကျနေရင်းမှ ဟာရူတိုရဲ့အော်ကြီးဟစ်ကျယ်အသံကြောင့် အလန့်တကြားနိုးလာရသည်..
'' ဘာဖြစ်လို့လဲ ရူတို "
"မင်းဘာအချိုးချိုးသွားတာလဲ ဟမ်! ''
''ဘာကိုလဲရူတို အသံနဲနဲလျော့ပြောပါကွာ အခုကမနက်၁နာရီဖြစ်နေပြီ အန်တီတို့လဲအိပ်နေကြပြီလေ ''
''မင်းငါ့ကိုမပြောပဲ ငါဆီကထွက်ပြေးသွားတယ်ပေါ့ ''
''ငါထွက်ပြေးတာမဟုတ်ပါဘူးကွာ ခေါင်းနဲနဲမူးလို့အိမ်ပြန်လာလိုက်တာပါ ငါယိုရှီကိုပြောခဲ့တယ်လေ ''
''သူများလာပြောမှသိရတာကိုမလိုချင်ဘူး မင်းကိုယ်တိုင်လာပြောတာပဲလိုချင်တာ ''
''ငါတောင်းပန်ပါတယ် နောက်ဆိုငါကိုယ်တိုင်လာပြောပါ့မယ် ''
''ပတ်ဂျောင်ဝူးနော် မင်းအချိုးတွေကြည့်ပြင်..အိမ်ပြန်လာတော့မင်းဘယ်သူနဲ့တွေ့ခဲ့သေးတယ်''
''ဘယ်သူနဲ့မှမတွေ့ပါဘူး ငါ့taxiငှားပြီးအိမ်တန်းပြန်လာတာပါ ''
''အေး..ငါမသိအောင်တခြားလူတွေနဲ့တွေ့လို့ကတော့အဲ့နေ့မင်းသေတဲ့နေ့ပဲနော် ''
''အင်း...ရူတိုရား..''
''ဘာလဲ ''
''ဟို..မင်းငါ့ရှေ့မှာတခြားကောင်မလေးတွေနဲ့ ပူး''ကပ်''မနေပါနဲ့လား ''
''မင်းကငါ့ကိုလာချုပ်ချယ်နေတာလား ''
''အဲ့လိုပြောတာမဟုတ်ပါဘူး မင်းပြောတော့ငါတို့ကရည်းစားတွေဆို မင်းငါ့ရှေ့ပေါ်တင်ကြီးတော့မလုပ်သင့်ဘူးလေကွာ ''
''ငါမှာအခုတွဲနေတာဆိုလို့မင်းကလွဲပြီးတခြားလူမရှိဘူး..အခုကောင်မလေးကလဲဒီတိုင်းစကားပြောယုံပဲလေ ''
YOU ARE READING
အဆိပ်ပင်(Hajeongwoo)
Fanfictionမင်းမကြိုက်တဲ့အကျင့်တွေအကုန်လုံးကိုပြင်တော့မှာမို့ ငါနဲ့ပြန်လိုက်ခဲ့ပေးပါကွာ..ငါမင်းကိုတကယ်ချစ်တာပါ Haruto လူတစ်ယောက်ရဲ့ဗီဇကပြင်ဖို့ခက်တယ် haruto..မင်းအကျင့်ကိုမပြင်နိုင်သရွေ့...