🥀-14

232 28 13
                                    

''jeongwoo ''

''အင်း ''

''ဒီနေ့ကိုယ်အတန်းလစ်မလို့ ''

''အင်း..သွားလေ ''

''လိုက်ခဲ့ချင်လား''

''တော်ပြီ မင်းဘာသာလွတ်လွတ်လပ်လပ်သွား ငါပါမှအနှောက်အယှက်ဖြစ်နေမယ် ''

''မဖြစ်ပါဘူး လိုက်ချင်လိုက်ခဲ့လေ တစ်ယောက်ထဲကျန်ခဲ့ရင်ပျင်းနေမှာပေါ့ ''

''ရတယ်..အရင်ထဲကတစ်ယောက်ထဲပဲလေ ဘာလို့အထူးအဆန်းလာလုပ်နေတာလဲ..အကျင့်ဖြစ်နေပီတစ်ယောက်ထဲနေရတာ ''

''Jeongwoo ကိုယ့်ကိုအခုထိစိတ်ဆိုးနေတုန်းလား ''

''ငါ့ပုံစံကအဲ့လိုပုံပေါက်နေလို့လား ''

''အင်း.ပေါက်နေတယ်''

''မင်းထင်ချင်သလိုထင် ငါကတော့စိတ်ထဲတောင်မရှိတော့ဘူး ''

''Jeongwoo ကိုယ့်အပေါ်မကျေနပ်တာ အဆင်မပြေတာ မကြိုက်တာရှိရင်ပြောနော် ကိုယ်ပြုပြင်ပါ့မယ်''

A/N(ဟားဟား..ဘောက်ကျဲ)

''မရှိဘူး ''

''ဒါပေမယ့် Jeongwooပုံစံကကိုယ့်ကိုစကားမပြောချင်သလိုကြီးဖြစ်နေတယ် ''

''Haruto! ''

''ဟမ် ''

''မင်းပြောနေတာတွေမပြီးသေးဘူးလား အတန်းလစ်မလို့ဆို သွားတော့လေ ငါတကယ်စိတ်ရှုပ်လွန်းလို့ မင်းကိုစိတ်ပျက်မိတော့မယ် ''

''အင်း..သွားဆိုသွားပါ့မယ် စိတ်တော့မပျက်လိုက်ပါနဲ့ နောက်ပြီးခုနကလို့ harutoလို့လဲမခေါ်ပါနဲ့လား ကိုယ်မကြိုက်ဘူး အရင်လို rutoလို့ပဲပြန်ခေါ်လေနော် ''

''ကျစ်! haruto..မင်းမသွားနိုင်သေးဘူးလား ''

''Jeongwoo အဲ့လိုကြီးမခေါ်....''

''ကျစ်...ရူတို သွားတော့ဆိုကွာ ''

''အင်း..အင်း သွားပြီ ''

မင်းကဘယ်လိုလူစားမျိုးလဲဟာရူတို ငါမင်းကိုသံယောဇဥ်ဖျက်ဖို့ကြိုးစားနေတာလေကွာ.. မင်းငါ့အပေါ်အခုလို ကောင်းပြနေတော့ ဘယ်လိုလုပ်ရပါ့မလဲ::::
____________________
''ဟာရူတို ''

''ဘာလဲ ''

''ငြိမ်လှရီလား..ဘာလဲbarလာပြီး တရားလာထိုင်နေတာလားဟမ်..ရောက်ထဲက ကလဲမက နေရာကနေကိုမရွေ့ပဲထိုင်သောက်နေတာ မင်းဟာရူတိုအစစ်မှဟုတ်ရဲ့လား ''

အဆိပ်ပင်(Hajeongwoo)Where stories live. Discover now