🥀-4

177 33 12
                                    

12: 38 PM

''အား..ငါတော့သေပြီပဲ သန်းခေါင်တောင်ကျော်နေပြီ ဒီချိန်ဆိုဟာရူတိုအိမ်ပြန်ရောက်နေလောက်ပြီ ''

harutoမသိအောင်အလုပ်လုပ်ရတာကတကယ်ကိုမလွယ်ပါလား.
မတော်လို့barမှာအလုပ်လုပ်နေတာသာ သိသွားရင်ငါ့တော့အသေပဲ

သူကbarမှာအလုပ်လုပ်ဖို့ခွင့်မပြုလဲ မတတ်နိုင်ဘူးခိုးလုပ်ရမှာပဲ တစ်ချိန်ကျဒီအိမ်ကထွက်သွားရင် ပိုက်ဆံအလုံအလောက်ရှိနေမှဖြစ်မှာ..ဟူးးဟုတ်တယ် ထွက်သွားရမယ် harutoဆိုတဲ့လူကိုတစ်ဖက်သတ်ချစ်နေလို့ငါပဲခံစားရမှာ သူ့လိုလူဆီကနွေးထွေးမှုကိုတော့ငါသေမှပဲရလောက်မှာ...။

ပတ်ဂျောင်ဝူးအိမ်တံခါးကိုဖွ''လေးဖွင့်ကာအထဲကအခြေအနေကိုအတည်ပြုကြည့်တော့ တစ်အိမ်လုံးအမှောင်ကျနေပြီးတိတ်ဆိတ်လွန်းနေတယ်။

''တော်သေးတာပေါ့ ဟာရူတိုအိပ်သွားပြီထင်တယ် ''

ဖြောက်

'' မင်းဘယ်ကပြန်လာတာလဲ ''

''အမလေး ''

ရုတ်တရက်တစ်အိမ်လုံးလင်းထိန်းသွားပြီးဧည့်ခန်းမှလက်ပိုက်၍ဆိုဖာပေါ်ဇိမ်ကျကျထိုင်ကာမေးလာတဲ့လူကြောင့် သူခိုးလူမိသလိုပြာပြာသလဲနှင့် အကြောင်းပြချက်သာရှာလို့နေတယ်

''ငါမေးနေတယ်လေပတ်ဂျောင်ဝူး! မင်းဘယ်ကပြန်လာတာလဲ ''

ထိုလူကစိတ်မရှည်တော့ဟန်နှင့် ထိုင်နေရာကနေမတ်တပ်ထရပ်ကာ ဂျောင်ဝူးဆီတန်း''မတ်''လြှောကျလာတာကွောငျ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ခြေမကိုင်မိလက်မကိုင်မိဖြစ်လို့နေ၏..

''ဟို..အပြင် အပြင်ကပြန်လာတာပါ ''

''ဒီချိန်ကြီးအပြင်ဘာသွားလုပ်တာလဲ.ဘယ်ကိုသွားတာလဲ ''

''အသိတစ်ယောက်နဲ့သွားတွေတာပါ ''

''အသိတစ်ယောက်? ငါမသိအောင်မင်းဘယ်သူနဲ့ရင်နှီးသွားတာလဲ ''

''မ..မဟုတ်ပါဘူး ငါငယ်''ကအီဆန်မှာသိခဲ့တဲ့လူတစ်ယောက်ပါ ''

''ယောကျာ်းလေးလား..မိန်းကလေးလား ''

''အဲ့တာမေးပြီးဘာလုပ်ဖို့လဲ ''

''ငါ့ကိုမေးခွန်းပြန်မထုတ်နဲ့..ငါမေးတာဖြေ ''

အဆိပ်ပင်(Hajeongwoo)Where stories live. Discover now