🥀-13

161 26 10
                                    

''ပတ်ဂျောင်ဝူး..''

''......''

''ပတ်ဂျောင်ဝူး!!..''

''...''

'' ပတ်ဂျောင်ဝူး ငါခေါ်နေတယ်နော် အခုချက်ချင်းလှည့်ကြည့်!! ''

''ဘာလဲ ''

''မင်းငါခေါ်နေတာမကြားဘူးလား ''

''အင်း ''

''ဘာကို အင်းလဲ ''

''အင်း..မကြားလိုက်ဘူးလို့ပြောတာ ''

''မင်းဘာအချိုးချိုးနေတာလဲ ငါ့ကိုရှောင်နေတာ ''

''ဘယ်နားမှာရှောင်နေလို့လဲ ''

''ငါနဲ့တွေ့ရင်အမြဲကွေ့ပတ်ရှောင်နေပြီး..ငါခေါ်ရင်လဲမကြားချင်ယောင်ဆောင်နေတာ အဲ့တာဘာဖြစ်နေတာလဲ ''

''ဘာဖြစ်နေတာမြင်လို့လဲ ''

''ပတ်ဂျောင်ဝူး မင်းကျောင်းမှာလဲကျောင်းမှာမို့ အခုအိမ်မှာလဲအိမ်မှာမို့ ငါ့ကိုမခန့်လေးစားလုပ်တာများနေပြီနော် ''

''တောင်းပန်တယ်အဲ့လိုလုပ်မိရင် အခုတော့ငါအခန်းထဲသွားတော့မယ်''

''မသွားနဲ့!! ''

လှည့်ထွက်ဖို့ပြင်နေတဲ့ဂျောင်ဝူးရဲ့ လက်ကိုဆောင့်ဆွဲကာ လက်ကောက်ဝတ်ကိုအားနဲ့ဖြစ်ညှစ်လိုက်ထားတာကြောင့် ဂျောင်ဝူးမျက်နှာအနည်းငယ်ရှုံ့မဲ့သွားသည်..

''မင်းဘာဖြစ်နေတာလဲ ဘာလို့စကားကို ကန့်လန့်တွေကြီးပြောနေတာလဲ ''

''လွှတ်..နာတယ်''

''ငါမေးနေတာကိုအရင်ဖြေ! ''

''ဟာရူတို လက်နာနေပြီနော်..လွှတ်ပေး! ''

''ရူတိုလို့ ပြန်ခေါ်...မင်း ''

''ဟာ..ရူ..တို လွှတ်! ''

မျက်နှာနားကိုကပ်ကာ နာမည်ကိုတစ်လုံးချင်ပီပီသသခေါ်လိုက်တာကြောင့် ဟာရူတိုဒေါသပိုထွက်လာရသည်

''ပတ်ဂျောင်ဝူး!! ငါသတ်မိတော့မယ်နော် ''

''လုပ်လိုက်လေ ''

''ပတ်ဂျောင်ဝူး ငါအေးဆေးမေးနေတာ ဘာဖြစ်ချင်နေတာလဲ ''

''လမ်းခွဲမယ် ''

အဆိပ်ပင်(Hajeongwoo)Where stories live. Discover now