"အဒေါ်မစားလဲကလေးစားမှာပေါ့
သွားပါမောင် မုန့်လေးတွေယူလာခဲ့~"

"အွန်း သွားယူခဲ့မယ်~"

ထယ်ယောင်းမုန့်ယူဖို့သွားတာနဲ့ဟိုမောင်နှမသုံးယောက်ပါ
တစ်စီတစ်တန်းလိုက်ပါသွားတာမို့ဂျောင်ကုမှာခေါင်းခါလျှက်~

"ကလေးငါးယောက်ရပြီဆိုဂျောင်ကု~"

"ဟုတ်တယ် အဒေါ်ကြီးတွေပြောပြလိုက်တာလား~"

"အွန်း သမီးလေးကချစ်ရာလေးနဲ့အေးမယ့်ပုံလေး
သားတွေထက်စာရင်ထိန်းရတာသက်သာမှာပေါ့~"

"အင်း သက်သာပါတယ်~"

သူ့သမီးဘယ်လောက်ဆော့လဲမကြွားချင်တော့တဲ့ဂျောင်ကုကခေါင်းသာငြိမ့်ပြလိုက်ပြီး စကားဆက်ပြောနေရာ
မုန့်ယူပြီထွက်လာတဲ့ထယ်ယောင်းကသူ့သားtaekookကိုပွေ့လို့~

"အဲ့တာကဘယ်လိုဖြစ်တာလဲ~"

"အစ်ကိုအသေးလေးရဲ့သားကကြွက်တွေ့လိုက်လို့
ကြောက်ပြီးငိုနေလို့ပွေ့ပေးလိုက်တာ~"

"အကြောက်ကြီး အလန့်ကြီ အငိုကြီး အစားကြီး
တော်သေးတာပေါ့အပျင်းကြီးမဟုတ်လို့~"

"ဟဟ~~မားမားနားမှာနေခဲ့ဦးtaekook
ပါးပါးမုန့်တွေထားတဲ့အခန်းကိုသွားရှင်းဦးမယ်
ကြွက်တွေဝင်နေပြီ~"

အသက်10နှစ်ရှိပြီဖြစ်တဲ့taekookက
​ကြွက်ကြောက်လို့ငိုထားပြီး သူ့မားမားအနားမှာ
ငြိမ်ထိုင်နေကာအငယ်နှစ်ယောက်ကတော့ဆော့လို့~

"သမီးလေးလာဦး မားမားပြောမယ်~"

"ဟုတ်~"

"အပေါ်မှာမောင်မောင်လေးတွေအိပ်နေတာ
ငိုနေလားသွားကြည့်ခဲ့ကြည့်ရုံဘဲကြည့်ခဲ့နော်
သွားမထိနဲ့ ပြီးရင်ပြန်လာခဲ့ taejuလဲလိုက်သွား~"

"ဟုတ်ကဲ့~ညီမလေးသွားမယ် လာ~"

"အဒေါ်တို့လဲပြန်တော့မယ်လေဂျောင်ကု~"

"ဟုတ်ကဲ့ ဖြည်းဖြည်းပြန်ပါ~"

ဂျောင်ကုဆီလာတဲ့ဧည့်သည်တွေက အရင်က
အနောက်ဆောင်အိမ်အကူတွေဖြစ်ပြီး
ဂျောင်ကုကိုဒီအတိုင်းတွေ့ချင်လို့လာတဲ့သူတွေကနည်းနည်း
ပိုက်ဆံအကူညီတောင်းချင်သူကများများရယ်~

~~ငွေ့~~{Complete}Where stories live. Discover now