ထယ်ယောင်းတို့ဥမင်ကနေဖြတ်လာကြတာ
သုံးရက်ရှိပြီဆိုဘေမဲ့ ဂျောင်ကုခြေထောက်ကဒဏ်ရာနဲ့ဖြစ်တာကတစ်ကြောင်း ကလေးပါတာကတစ်ကြောင်းကြောင့်
ခရီးကမသွင်~
"အူဝါးး~"
"သားရေ မငိုရဘူးလေ ပါးပါးရှိတယ်နော်~"
"ဟင့်...ပါပါ...အဟင့်~"
"ဟုတ်တယ် ပါးပါးရှိတယ် သားကိုပွေ့ထားတာလေ
မားမားလဲရှိတယ်နော်~"
ဥမင်ထဲမှာထည့်ထားတဲ့အနုမြူချောင်းတွေကအရောင်မှိန်သွားပြီမို့ နေရာတိုင်းမှောင်မဲနေတာကို
ကလေးငယ်ဖြစ်တဲ့taekookကကြောက်တော့တာပေါ့~
"ကလေးအစ်ကို့ကိုပေးလေမောင် မောင်ပင်ပန်းနေတော့မယ်~"
"မပင်ပန်းပါဘူးရပါတယ် ဗိုက်ဆာရင်အိတ်ထဲကတစ်ခုခုယူစားလေအစ်ကိုအသေးလေး~"
"စားစရာကမုန့်ကြွပ်ဝိုင်းတစ်ခုဘဲကျန်တော့တယ်
ခရီးကရောက်ပါဦးမလား~"
"ရောက်ပါတယ် အဲ့တာစားပြီးအားဖြည့်လိုက်
သားကိုလဲနို့တိုက် ပြီးတော့မြန်မြန်လေးခရီးဆက်ရအောင်~"
"မောင်ကရော~"
"မောင်ကအဆင်ပြေတယ် ဗိုက်လဲမဆာဘူး~"
"အခုမောင့်မျက်နှာကိုသဲသဲကွဲကွဲမမြင်ရဘေမဲ့
ဘယ်လောက်ထိပိန်ကျနေပြီလဲခန့်မှန်းလို့ရပါတယ်
မောင်လဲစားမှဖြစ်မယ်~"
"မောင်စားရင်ကမောင့်အတွက်ဘဲ
အဟာရဖြစ်မှာ အစ်ကိုအသေးလေးစားရင်ကျ
အစ်ကို့အတွက်ရောသားအတွက်ပါအဟာရဖြစ်မှာ
အဲ့တာကြောင့်စားပါ~"
ပြောတဲ့အတိုင်းမလုပ်ချင်ဘေမဲ့လဲ
ထယ်ယောင်းပြောတာတွေကမှန်နေတာမို့
ဂျောင်ကုဟာလက်ကျန်မုန့်ကြွပ်လေးကိုစားပြီး
နံရံမြေသားဆီကစိမ့်ထွက်နေတဲ့ရေကိုတိုလှောင်စရာလုပ်ထားတဲ့လက်လုပ်ကျင်းလေးထဲကရေကိုသောက်လေရဲ့~
"မြန်မြန်လေးသွားကြရအောင်မောင်~"
"အွန်း သွားကြတာပေါ့~"
နောက်ထပ်အစာမစားရတော့ဘဲခရီးဆက်ခဲ့ကြရာ
နှစ်ရက်မြောက်နေ့ စုစုပေါင်းငါးရက်မြောက်နေ့မှသာ
လိုရာခရီးကိုရောက်ပြီး ဝါးထရံအိမ်ကျဥ်းလေးမှာနေကြရလေရဲ့~
YOU ARE READING
~~ငွေ့~~{Complete}