💜18💜

4.4K 346 206
                                        

ဖော်စပ်ခိုင်းထားတဲ့ဆေးနှစ်မျိုးထဲက
စိတ်ရှုပ်ထွေးစေတဲ့ဆေးကအရင်ရတာမို့
သခင်လတ်နဲ့ထယ်ယောင်းလဲWakanaကို
ဝိုင်ထဲရောတိုက်ကာဆေးစွမ်းပြတာနဲ့သူတို့နှစ်ယောက်အစားသခင်လတ်ခေါ်လာတဲ့လူနှစ်ယောက်ကိုအစားထိုးလိုက်တယ်။

"ကိုလေးစောင့်ကြည့်ထားလိုက်တော့
ကျွန်တော်အစ်ကိုအသေးလေးဆီသွားဦးမယ်~"

"အင်း..သွား ကရုစိုက်ဦး~"

"ဟုတ်ကဲ့~"

မျှော်လင့်ချက်အလင်းရောင်လေးရှိလာတဲ့ထယ်ယောင်းက
သခင်လတ်ခေါ်လာတဲ့လူနှစ်ယောက်အတွက်လုပ်ထားတဲ့
အိမ်တော်ကိုကောင်းစွာဝင်ထွက်နိုင်မယ့်
လျှို့ဝှက်အပေါက်ကနေထွက်ကာ
ဂျောင်ကုဆီသွားတော့အရင်တွေ့ရတာကဂျောင်ကုအဖွား~

"ဆေးကနှစ်ရက်လောက်နေမှရမှာလေသခင်လေး~"

"ဟုတ် သိပါတယ် အစ်ကိုအသေးလေးဆီလာတာ~"

"အော် ခနကဘဲအခန်းထဲဝင်သွားတာ အိပ်ပြီထင်တယ်~"

"အဲ့တာဆို ကျွန်တော်ခနလောက်သွားတွေ့ပြီးပြန်ပါ့မယ်~"

ပြောပြီးတာနဲ့ထယ်ယောင်းက
ဂျောင်ကုရဲ့အခန်းထဲဝင်သွားတော့မအိပ်သေးဘဲ
ပိတ်စဖြူတွေနဲ့အလုပ်ရှုပ်နေတဲ့ဂျောင်ကုကိုမြင်ရတော့
ထယ်ယောင်းစိတ်ပူမိတာအမှန်~

"သ..သခင်ငယ်လေး~"

"ရပါတယ် ထိုင်နေပါ~"

သူ့ကိုမြင်တာနဲ့မတ်သပ်ရပ်ဖို့လုပ်နေတဲ့ဂျောင်ကုက
ဗိုက်ကြီးနဲ့မို့လှုပ်ရှားမှုနှေးကွေးနေပြီး
ထိုင်ထားပြီးရင်ပြန်ထဖို့မလွယ်ဘူးလေ~

"ထိုင်ခင်းယူပါ သခင်ငယ်လေး~"

"မယူတော့ဘူး အစ်ကိုဘဲထိုင်ပါ~"

"ဟုတ် ဒါနဲ့ဘာကိစ္စရှိလို့လဲဟင်~"

"ထွေထွေထူးထူးမရှိပါဘူး ဒီတိုင်းဆေးမေးရင်းလာတာပါ
ဗိုက်ကဘယ်လိုလဲ~"

*သူ့ကလေးကိုတွေ့ဖို့လာတာဘဲ~*

"အဆင်ပြေပါတယ် အဒေါ်ကြီးတွေရောအဖွားရော
ကရုစိုက်ပေးတာမို့ကလေးကကျန်းမာပါတယ်~"

"အစ်ကိုအသေးလေးရော?"

"ကျန်းမာပါတယ် အားလုံးအဆင်ပြေတယ်~"

~~ငွေ့~~{Complete}Tempat cerita menjadi hidup. Temukan sekarang