သူ့အဖေသူ့အစားလက်ဖြတ်ခံလိုက်ရတာနဲ့ပတ်သက်ပြီး
ထယ်ယောင်းစိတ်ထိခိုက်ကာအခန်းထဲကနေလုံးဝမထွက်သလိုဘယ်သူ့ကိုမှလဲသူ့အခန်းထဲအဝင်မခံ~
"မောင်ဘာလို့ငါ့ကိုမခေါ်တာလဲ အိမ်ပြန်ရောက်ပြီးကတည်းကတစ်ခါမှကိုမခေါ်ဘူး
နေများမကောင်းတာလား~"
ဂျောင်ကုတစ်ယောက်သူ့ကိုတွေ့ဖို့မခေါ်တဲ့ထယ်ယောင်းကြောင့်စိတ်ထဲနေလို့မကောင်းဖြစ်နေပြီး
သည်းမခံနိုင်တဲ့အဆုံးအရဲစွန့်ကာထယ်ယောင်းဆီသွားပြီ~
"မင်းကဂျောင်ကုမဟုတ်လား~"
"Na..Naeသခင်ကြီး အသိမပေးဘဲအိမ်တော်ကိုလာမိလို့တောင်းပန်ပါတယ်~"
အိမ်ထဲစဝင်တာနဲ့အိမ်ကြီးရှင်Mr.kimနဲ့တွေ့တဲ့ဂျောင်ကုက
ကြောက်ကြောက်နဲ့ခေါင်းငုံ့ထားဘေမဲ့
လက်တစ်ဖက်မရှိတဲ့Mr.kimကိုမကြည့်ဘဲမနေနိုင်~
"အခုကဘယ်သူ့ဆီလာတာလဲ မဟုတ်မှ
သားငယ်လေးဆီကိုလား~"
"ဟုတ်ပါတယ် သခင်ငယ်လေးအခန်းထဲကမထွက်တာကြာပြီလို့ကြားလို့ပါ~"
"ဟုတ်တယ်သူစိတ်ထိခိုက်နေတာ ဘယ်သူ့ကိုမှအတွေ့မခံဘူး
သွားနှစ်သိမ့်ပေးလိုက်ဦး~"
"Nae~~"
ထယ်ယောင်းနဲ့ဂျောင်ကုရဲ့နှစ်ယောက်ကြားအခြေနေကို
မြင်ထားသိထားပြီးသားMr.kimက
ထယ်ယောင်းတို့ပွင့်ပွင့်လင်းလင်းမနေလို့
ဘာပြဿနာမှမဖြစ်နိုင်တဲ့အတွက်ဘာမှဝင်မပြော~
~~knock~~knock~~
"သခင်ငယ်လေး ကျွန်တော်ဂျောင်ကုပါ
အထဲဝင်လာလို့ရမလား~"
".........."
"သခင်ငယ်လေး~~"
"ဝင်လာခဲ့~"
"Nae~"
ထယ်ယောင်းရဲ့ခွင့်ပြုချက်ရတာနဲ့
အခန်းထဲဝင်လိုက်ရာသူ့ကိုချက်ချင်းပြေးဖက်တဲ့ထယ်ယောင်းကမျက်လုံးတွေနီပြီးမျက်ကွင်းတွေလဲညိုနေတာမို့
ဂျောင်ကုစိတ်ပူသွားတာအမှန်~
"ဘာလို့အခုမှလာတာလဲ စောင့်နေခဲ့တာ~"
"မောင် ညဘက်တွေမအိပ်ဘူးလား~"
"ကျွန်တော်ကအိပ်ဖို့တောင်မထိုက်တန်တဲ့လူပါ
appaကိုဒုက္ခရောက်အောင်လုပ်ပြီးဘာမှအသုံးမကျတဲ့ကောင်~"
YOU ARE READING
~~ငွေ့~~{Complete}