💜33💜

5.5K 318 154
                                        

ကရုစိုက်မှုအားကောင်းလွန်းသွားတဲ့ထယ်ယောင်းကြောင့်
taekookလေးအသက်တစ်နှစ်ကျော်ဘဲရောက်သေးတယ်
ဂျောင်ကုကဗိုက်ထွက်နေပြီ~

"မားမား...မားမား~"

"နေပူတယ်သားရေ လျှောက်ပြေးမနေနဲ့~"

ဗိုက်ကြီးကြီးနဲ့သူများအာလူးဖော်တဲ့ဆီဝင်ကူနေတဲ့ဂျောင်ကုကဘယ်သူမှမခိုင်းဘေမဲ့သူကလုပ်ချင်တာမို့
တစ်နှစ်ကျော်လမ်းလျှောက်တတ်စအရွယ်taekookကို
အပင်အောက်နေခိုင်းထားပြီးလုပ်နေတာ~

"အဟား...ခစ်ခစ်..ခစ်~"

"ချော်လဲမယ်သားသားရေ~"

နေခိုင်းထားတဲ့အပင်အောက်မနေဘဲ
taekookလေးကဟိုပြေးဒီပြေးလုပ်နေတော့
ဂျောင်ကုမှာအလုပ်လုပ်ရင်းသေချာကြည့်နေရတယ်။

"မားမား...တောင်တောင်~"

"ကောင်ကောင်မဟုတ်ပါဘူးသားရဲ့ အဲ့တာအမြစ်ငယ်လေးပါ~"

အပင်တစ်ခုရဲ့အမြစ်ကွေးကွေးလေးကိုကိုင်ပြီး
သူ့ဆီလာပြနေတဲ့Taekookလေးက
အရမ်းကိုချစ်ဖို့ကောင်းပြီး စကားကလဲပေါလာပြီ~

"အမ်?"

"ဟဟ...အရိပ်ထဲသွားဆော့နော်သားနော်
ဒီမှာနေပူတယ်~"

"ပူပူ~"

"ဟုတ်တယ်ပူတယ် အရိပ်ထဲသွားနော်~"

စကားကိုပီပီသသပြည့်ပြည့်စုံစုံမပြောတတ်သေးဘေမဲ့
ပြောသမျှအကုန်နားလည်တာမို့သူ့မားမားပြောတဲ့အတိုင်း
အရိပ်ထဲသွားကာတစ်ယောက်တည်းဆော့နေတဲ့taekook~

"စိုက်တုန်းကအရမ်းအေးတော့ အပင်တွေသေကုန်တာလေ
အခုတော့နည်းနည်းဘဲရတော့တယ်~"

"လူတွေကများတာနဲ့ လောက်ရောလောက်ပါ့မလား~"

"အပူပါနဲ့အစ်မတို့ရယ် ကျွန်တော်တို့နဲ့
လူတော်တော်များများ ဒီရက်ပိုင်းအတွင်း
မြို့ကိုပြောင်းကြတော့မှာ~"

"စစ်ပွဲကပြီးပြီဆိုဘေမဲ့ အားလုံးကောင်းသွားပြီလား~"

"တစ်နှစ်လောက်တောင်ကြာသွားပြီဆိုတော့
အားလုံးပြီးစီးသွားလောက်ပါပြီ~"

စစ်ပွဲကလုံးဝပြီးစီးငြိမ်းချမ်းသွားပြီး
အလောင်းတွေရှင်း ကိုယ့်အိမ်သူ့အိမ်ပြန်ပြင်ကြ
ကုန်သွယ်ရေးတွေပြန်လုပ်ကြနဲ့ဆိုတော့
ဂျောင်ကုတို့ကအခုထိရွာကနေမပြောင်းရွှေ့ရသေး~

~~ငွေ့~~{Complete}Where stories live. Discover now