*ဒီတိုင်းတော့သေလို့မဖြစ်သေးဘူး~*
သခင်လတ်တစ်ယောက်သူ့ညီလွတ်မြှောက်ဖို့အတွက်
ဂျပန်တွေကိုအာရုံလဲဖို့လုပ်ရာ သေခါနီးဆန့်ငင်ဆန့်ငင်ဖြစ်နေတဲ့ဂျပန်ဗိုလ်ကိုကာဗာယူကာအပြင်ထွက်လေရဲ့~
*ဒိုင်း!...ဒိုင်း!...ဒိုင်း!*
"အား!"
ဘယ်လောက်ဘဲကာဗာယူသွားယူသွား
အရှေ့အနောက်တောင်မြောက်အဘက်ဘက်ကနေဝိုင်းပစ်ကြတာကြောင့်သူ့ကိုလဲကျည်ထိတာပေါ့~
"အား!...ပစ်တာကိုရပ်လိုက် ငါမသေချင်သေးဘူး
မင်းတို့ကိုငါ့လူတွေရှိတဲ့နေရာလိုက်ပြမယ်~"
"မင်းလိမ်ရင်လဲအပိုဘဲဆိုတာသိရဲ့လား~"
"မလိမ်ဘူး တကယ်ပြောတာ
ယမ်းတွေထားတဲ့နေရာလဲလိုက်ပြမယ်~"
ဂျပန်စကားနဲ့အပြန်အလှန်ပြောဆိုကြပြီးနောက်
ဂျပန်တွေကသခင်လတ်ကိုသေနတ်နဲ့ထောက်ပြီး
ရှေ့ကသွားခိုင်းတော့ အကြံမရှိခြေဦးတည့်ရာသွားလိုက်တာကမြစ်ဘေးကို~
"အား!...မထိနဲ့ လူယုတ်မာ!"
"ဟားဟားး~"
မြစ်ထဲရေခပ်လာပုံပေါ်တဲ့ကောင်လေးတစ်ယောက်ကို
မြစ်ဆိပ်စောင့်ဂျပန်တွေကဆွဲလားရမ်းလားလုပ်ရုံမက
အင်္ကျီတွေပါဆွဲချွတ်နေကြတာမို့သခင်လတ်ဒေါသထွက်မိတယ်။
*မထူးပါဘူး ငါလဲသေတော့မှာဘဲကို
သေခါနီးလေး လူတစ်ယောက်တော့ကယ်လိုက်ပါဦးမယ်~*
"အဲ့ဘက်ကိုသွားရမှာပါ~"
"ရှေ့ကမြန်မြန်သွား~"
"ဟုတ်ပါပြီ~"
အနှောက်ယှက်ခံနေရတဲ့ကောင်လေးဘက်ဦးတည်လိုက်တဲ့သခင်လတ်ကမြစ်ဆိပ်မှာငါးဖမ်းတဲ့သူဟန်ဆောင်ထားတဲ့သူ့လူကိုအချက်ပြကာ သစ်လုံးဖောင်ကိုမြစ်ထဲမျှေစေလေရဲ့~
"မလုပ်နဲ့!!"
"ကျေးဇူးပြုပြီးရပ်ပေးပါ ယမ်းတွေကိုဒီအောက်မှာမြုပ်ထားတာမို့လို့~"
ကောင်လေးလဲကျနေတဲ့နေရာကိုညွှန်းလိုက်တဲ့သခင်လတ်ကြောင့်ကောင်လေးခနတာလွတ်မြှောက်နေချိန်
ကောင်လေးလက်ကိုဆွဲကာမြစ်ထဲခုန်ချဖောင်ဆီကူးသွားတဲ့သခင်လတ်~
YOU ARE READING
~~ငွေ့~~{Complete}