နွေးနွေးထွေးထွေး အေးအေးချမ်းချမ်းနဲ့အိပ်ပျော်သွားတဲ့ဂျောင်ကုကမနက်အစောကြီးနိုးလာတာနဲ့တစ်ပြိုင်နက်
ထယ်ယောင်းကိုစောင်ခြုံပေးပြီးသူကချက်ပြုတ်ဖို့ထပြီ~
"အရမ်းအေးတာဘဲ ရေတောင်ခဲတယ်~"
ရေကမာကျစ်နေအောင်မခဲဘေမဲ့
ရေခဲအရည်ပျော်ထားသလိုအတုံးအခဲလေးတွေဖြစ်နေပြီမို့
ဂျောင်ကုကမီးအရင်ထည့် ရေနွေးတည်မျက်နှာသစ်ပြီးမှချက်ပြုတ်ဖို့စတင်ရတယ်။
"ထမင်းသပ်သပ်လေးချက်ရင်ဆန်က
သုံးရက်လောက်နဲ့ကုန်သွားလိမ့်မယ် မဖြစ်ဘူး~"
ထယ်ယောင်းကိုထမင်းနဲ့ဟင်းစားစေချင်ဘေမဲ့
မသက်သာတဲ့အခြေနေမို့ဆန် ဂျုံ ပြောင်း
သုံးမျိုးလုံးကိုရောပြီး
ထမင်းချက်သလို ခဲခဲလေးချက်လိုက်လေရဲ့~
"ဒီလိုဆိုရင် မောင့်အတွက်အဆင်ပြေမှာပါ~"
"အဟင့်...အဟင့်...အူဝါးး~"
"သားရေ မားမားလာပြီနော်~"
"အူဝါးး...ဝါးး...အဟင့်~"
"လာပါပြီဆိုသားရယ် သားရဲ့ပါးပါးနိုးလာတော့မှာဘဲ~"
ကလေးငိုသံကြောင့်ဂျောင်ကုအိပ်ထဲဝင်သွားရာ
ထယ်ယောင်းကအိပ်ချင်မူးတူးနဲ့ကလေးပွေ့ထားပြီမို့
ဂျောင်ကုသွားယူရတယ်။
"ထပ်အိပ်လိုက်ဦးနော်မောင် အစောကြီးရှိသေးတယ်~"
"အွန်း~"
အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေတဲ့ထယ်ယောင်းကပြန်အိပ်သွားတာမို့ဂျောင်ကုပြုံးကာtaekookလေးကိုကျောပိုးထားပြီးလုပ်စရာရှိတာဆက်လုပ်နေလေရဲ့~
"အဟင့်...အဟင့်~"
"ကျွတ်...ကျွတ်...သားရေ မားမားရှိတယ်နော်~"
"မာမာ~"
"အွန်း ဟုတ်တယ် ထပ်အိပ်လိုက်ဦးနော်
မားမားစားလို့ရတဲ့အရွက်လေးတွေများမရှိဘူးလား
သွားရှာဦးမယ်~"
ရွာခံအိမ်ရှင်မတိုင်းထမင်းထချက်ကြတဲ့အချိန်မို့
ဂျောင်ကုကြောက်မနေဘဲ ဟင်းရွက်တွေလိုက်ရှာရာ
ဟင်းနုနွယ်ပင်လေးတွေတွေ့တာမို့မြန်မြန်လေးကောက်ပြီး
ရှိတဲ့ဆားလေးနဲ့ရေကိုသုံးကာကြော်လိုက်တော့
ဟင်းတစ်မျိုးရသွားပြီ~
BẠN ĐANG ĐỌC
~~ငွေ့~~{Complete}