"သုံးယောက်လုံးလက်ပိုက်ထား~"

"ဟုတ်...ဟင့်~"

"မျက်ရည်မထွက်ခဲ့နဲ့taekook~"

အငယ်ဆုံးtaebooကတောင်မငိုတာကို
အကြီးဆုံးဖြစ်တဲ့taekookက ငိုမဲ့မဲ့လုပ်နေတော့
ဂျောင်ကုပိုစိတ်တိုပြီလေ~

"သမီးလေးတစ်ယောက်ပါလို့ငြိမ်မလားတွေးမိပါတယ်
အစ်ကိုတွေနဲ့ပေါင်းပြီးမျောက်လောင်းလုပ်နေတယ်
အကြီးနှစ်ကောင်ကလဲကိုယ့်ညီမကိုမဟုတ်တာဆိုအကုန်သင်တယ်~"

".........."

"taekookမင်းကအကြီးဆုံးဖြစ်ပြီး
ကိုယ့်ခန္ဓာကိုယ်နဲ့ကိုယ်တောင်မနိုင် ချီးပျော့ဖြစ်နေတာကို
နေရာတကာကမြင်းတယ် taejuမင်းက
လူကြီးလိုလိုဘာလိုလိုနဲ့နေရာတကာရှည်တယ်~"

ဂျောင်ကုသူ့ကလေးတွေကိုဆုံးမနေချိန်
လက်မှာကတုတ်အသေးလေးကိုင်ထားတာမို့
ထယ်ယောင်းဝင်မတားရဲ~အခန့်မသင့်ရင်သူပါအရိုက်ခံရနိုင်တယ်လေ~

"ပြောမရဆိုမရလေးတွေ လှည့် ဟိုဘက်ကို~"

"မားမား~~

"မခေါ်နဲ့လှည့်!"

"ဟုတ်~"

*ဖြန်း...ဖြန်း...ဖြန်း~*

"သွားအိမ်ထဲကို နောက်တစ်ခေါက်သစ်ပင်ပေါ်တက်ရင်
ခြေထောက်ကျိုးအောင်ရိုက်မှာ~"

မောင်နှမသုံးယောက် ခြေတံလုံးတွေမှာ
တစ်ယောက်တစ်ချက်ရိုက်ခံလိုက်ရတာမို့
ငိုမဲ့မဲ့ရုပ်လေးတွေနဲ့အိမ်ထဲတန်းစီဝင်သွားကြပြီ~

"အစ်ကိုအသေးလေး ကလေးတွေနောက်တစ်ခေါက်အပင်ပေါ်မတက်အောင် သစ်ပင်ကိုခုတ်လဲလိုက်ရမလား~"

"ဘာလို့ခုတ်မှာလဲ အပင်ကနောက်နှစ်ဆိုအသီးသီးတော့မှာ
မောင့်ကလေးတွေကိုသာနိုင်အောင်ထိန်း~"

"အင်းပါ ဒီတုတ်ကြီးဖယ်ပါတော့ ရေချိုးတော့နော်
အအေးပတ်လိမ့်မယ်~"

ဂျောင်ကုလက်ထဲကတုတ်ကိုယူလိုက်ပြီး
ရေချိုးခိုင်းကာသူကအိမ်ထဲပြေးဝင်လာတော့
ဟိုမောင်နှမသုံးယောက်အသံတိတ်ငိုပွဲဆင်နေပြီ~

"ကလေးတွေ ပါးပါးဆီလာပါဦး~"

"အီးးဟီးးး ပါးပါး~"

~~ငွေ့~~{Complete}Where stories live. Discover now