"ဖွားဖွား"

"ဟေ မြေးလေး"

"ဒီတစ်ခေါက်မှာတော့ သေချာပေါက် ဦးတို့အုပ်စုပါတာပေါ့၊ အဲ့ဒါ မနက်ဖြန် သားမွေးနေ့ဖြစ်ကြောင်း ဦးတို့ကိုသွားပြောလိုက်မယ်နော်"

"အခုလား"

"အခုပြောမှရမှာပေါ့ ဖွားဖွားရဲ့"

"အေးပါ၊ နေလည်းအေးနေပြီဆိုတော့၊ လာဦး အနွေးထည်လာဝတ်ချည်"

Baekhyun ချွတ်ထားတဲ့အနွေးထည်ကို ဖွားဖွားကပြန်ဝတ်ပေးနေတာမို့ ကိုယ်ကိုအသာနှိမ့်ပေးထားရသည်။

"ကဲ ရပြီ၊ စက်ဘီးကိုဖြည်းဖြည်းနင်းသွားဦးနော် မြေးလေး"

"ဟုတ်ကဲ့ ဖွားဖွား သွားပြီ၊ သားပြန်လာမှဆိုင်သိမ်းကြနော်"

"အေးပါ အေးပါ"

စက်ဘီးနင်းထွက်လာတာနှင့်တပြိုင်နက် ဖွားဖွားရဲ့အသံဟာလည်း ခပ်လှမ်းလှမ်းမှာကျန်ခဲ့လေပြီ။

:

ဦးတို့ဆီကို Baekhyun ရောက်တော့ အခန်းအရှေ့တွေမှာ မတ်တပ်ရပ်ပြီးစကားပြောနေကြတာကိုတွေ့လိုက်ရသည်။Baekhyun ကိုမြင်တဲ့အခါမှာ အကုန်လုံးရဲ့အကြည့်တွေက စုပြုံလာကြပါသည်။

Baekhyun ရဲ့မြင်ကွင်းထဲ ဦးရှိနေတာမို့ အသာပြုံးပြလိုက်တော့ ဦးက ခေါင်းသာပြန်ညိမ့်ပြသည်။

"Baekhyun၊ နေကောင်းတာဖြင့်မကြာသေးဘူး အရင်လိုလျှောက်သွားနေပြီပေါ့လေ"

"အဲ့..အဲ့လိုမဟုတ်ပါဘူးဗျ၊ ကိစ္စရှိလို့လာတာပါ"

ဒေါက်တာ Hanwool ကဟုတ်လို့လားဆိုတဲ့ပုံစံဖြင့်ပြန်ကြည့်နေသည်။

"ဒါနဲ့ အကုန်လုံး ဒီမှာစုပြီးဘာလုပ်နေကြတာလဲဟင်"

"ဒီနေ့လူနာအရမ်းကျလို့လေ အဲ့ဒါ လူနာပါးသွားတော့ အကြောအချဉ်ဖြေနေကြတာ"

အစ်ကို Yunho ကဇက်ကြောကိုအသာချိုးရင်ပြန်ဖြေပေးသည်။အစ်မ ယူနာနှင့် အစ်မ ယွန်းချယ် တို့လည်းမအီမလည်မျက်နှာတွေဖြင့်ရှိကြပါသည်။ဒါဆို ဦးလည်း ပင်ပန်းနေမှာပဲ။

"ကိစ္စက ဘာလဲ Baekhyun"

ဒေါက်တာ Hanwool ကမေးလာတာမို့ Baekhyun ဦးကိုတစ်ချက်ကြည့်လိုက်ပြီးမှ

Perfect Love [onging]Where stories live. Discover now