"ဟုတ်တယ် taekookကသားနာမည်
ဦးဦးကပါးပါးနဲ့တူလိုက်တာ လူတောင်မှားသွားတယ်~"
"ဟဟ အတတ်လေးဘဲtaekookက
ကြည့်ပါဦးအနှီးထုပ်လေးကနေဒီအရွယ်ရောက်လာပြီ~"
"ကိုကို ဒီကလေးကိုသိလို့လား~"
"သိတယ် သူကကိုကိုရှာနေတဲ့
ကိုကို့ညီရဲ့သားကိုကို့တူလေးလေ~"
"ရုပ်တွေကအရမ်းဆင်တယ်
ကိုကို့သားတော့မဟုတ်ပါဘူးနော် မလိမ်နဲ့နော်ကိုကို~"
"မဟုတ်ရပါဘူးဗျာ မလိမ်ရဲပါဘူး~"
ဆူဝမ်အထင်မှားရင်လဲမှားလောက်စရာ
taekookကသူ့ပါးပါးနဲ့ရုပ်ဆင်တော့
taejuနဲ့ပါတူနေတာလေ~
"သိပြီ ဦးလေးကြီးကသားညီလေးရဲ့ပါးပါးလုပ်လိုက်
အိမ်ကပါးပါးကိုသားအပိုင်ယူလိုက်မယ်
အဲ့တာဆိုညီလေးကပါးပါးလုတော့မှမဟုတ်ဘူး~"
"ဟားဟားး အဲ့လိုလုပ်လို့ရမလားtaekookလေးရဲ့~"
"ဟုတ်သားဘဲ မားမားကသူစိမ်းတွေနဲ့စကားမပြောဖို့မှာထားတာဦးလေးကြီးကဘယ်သူလဲ~"
"ဦးဦးကသားပါးပါးရဲ့အစ်ကို သားရဲ့ဦးဦးပါ~"
"မဟုတ်ပါဘူး သားတို့ဦးဦးကသံခြေထောက်နဲ့
ပြီးတော့သားတို့ဆီလာတိုင်းမုန့်ပါတယ် ဦးလေးကြီးက
သံခြေထောက်လဲမဟုတ် မုန့်ယူလာတာလဲမတွေ့ပါဘူး
သားတို့ဦးဦးမဟုတ်ဘူး~"
"taekookရေ ဟိုမှာ သားရဲ့ပါးပါးရောက်နေပြီ
သွားကြရအောင်နော်~"
"ပါးပါး ပါးပါး~"
"မပြေးပါနဲ့ဆို~"
သူ့ပါးပါးအစစ်အမှန်ထယ်ယောင်းဆီပြေးသွားတဲ့taekookကိုထယ်ယောင်းကပွေ့ပြီးနမ်းနေတာမြင်တော့
taejuလဲဝမ်းသာပီတိဖြစ်မိတယ်။
"အဲ့တာကိုကို့ညီလား ကလေးကအဖေမှားတာမဆန်းပါဘူး
ရုတ်တရက်ကြည့်ရင်ကိုကိုနဲ့ကိုကို့ညီကတစ်ရုပ်တည်းဘဲ
အနောက်ကကြည့်ရင်ပိုတူတယ်~"
"ဟုတ်လား သွားကြရအောင်
မတွေ့တာကြာပြီဆိုတော့နှုတ်ဆက်ဖို့အချိန်ကျပြီ~"
taejuတစ်ယောက်ချစ်ရသူဆူဝမ်ရဲ့လက်ကိုတွဲကာ
သူ့ညီထယ်ယောင်းဆီသွားတော့ထယ်ယောင်းကသူ့ကိုမြင်တာနဲ့အမ်းအမ်းကြီးဖြစ်နေလိုက်တာများလက်တွေ့နဲ့အိပ်မက်ဝေခွဲမရဖြစ်နေပုံ~
YOU ARE READING
~~ငွေ့~~{Complete}