"ပါးပါး~~မားမားကမံမံစားတဲ့~"
"ဟုတ်လား ဘယ်မှာလဲ~"
ထယ်ယောင်းတစ်ယောက်သူ့သားလာခေါ်လို့အရင်နေ့ကလို
ဂျောင်ကုနဲ့အတူစားရမယ်ထင်လိုက်ဘေမဲ့
ထမင်းစားပွဲမှာသူ့အတွက်ပြင်ထားတဲ့ထမင်းဝိုင်းကလွဲပြီးဘာမှမရှိ~
"သားရဲ့မားမားရော~"
"သွားပီ ညီညီရေးနဲ့သွားရိုက်ပီ သားသားကိုတောင်ထော်ဘူး~"
"ဘယ်..ဘယ်ကိုသွားလိုက်တာလဲ~"
"အကျင်ကိုထွက်သွားတာ~"
"မ..မဖြစ်ဘူးလေ သားလေးအဒေါ်ကြီးတို့အိမ်သွားနေထားနော်ပါးပါးအပြင်သွားလိုက်ဦးမယ်~"
ထယ်ယောင်းတစ်ယောက်ဂျောင်ကုသူ့ကိုထားခဲ့ပြီထင်ပြီး
ဖိနပ်တောင်မစီးနိုင်ဘဲအိမ်ပြင်ပြေးထွက်ကာ
လမ်းတွေမှာသွားရှာနေချိန်taekookလေးက
သူ့မားမားသွားတဲ့ညာဘက်အဒေါ်ကြီးအိမ်မသွားဘဲ
ဘယ်ဘက်အဒေါ်ကြီးအိမ်သို့~
"မားမားနဲ့ပါးပါးက သွားရိုက်ပြီ
သားကိုလဲထော်ဘူး...ဟင့်~"
"ဘယ်သွားလိုက်ကြတာလဲ~"
"သိဘူး ပါးပါးနဲ့မားမားကရန်ဖစ်တယ်~"
"ရန်ဖြစ်တယ်??မဟုတ်လောက်ပါဘူး
စနှောက်နေတာနေမှာပါ~"
ထယ်ယောင်းတို့ဆီကရန်ဖြစ်သံလဲတစ်ခါမှမကြားသလို
ကလေးကိုတစ်ယောက်တည်းပစ်ထားခဲ့ပြီးအပြင်သွားတတ်တဲ့အကျင့်လဲမရှိတာမို့အဒေါ်ကြီးမှာtaekookကိုပွေ့ရင်း
ထယ်ယောင်းတို့အိမ်သွားတော့လဲဘယ်သူမှမရှိ~
"ဒုက္ခပါဘဲ ဘာတွေဖြစ်ကုန်ပြီလဲ
အစ်မရေ လုပ်ပါဦး~"
ထိတ်ထိတ်ပြာပြာနဲ့ညာဘက်အဒေါ်ကြီးအိမ်ပြေးရာ
ဂျောင်ကုနဲ့taejuကိုတွေ့ပြီမို့
စိုးရိမ်စိတ်လေးလျော့သွားရတယ်။
"အဟား...မားမား~"
"သားသား ဘယ်လိုဖြစ်လို့အဒေါ်ကြီးနဲ့ရောက်လာတာလဲ~"
"ပါးပါးသွားခိုင်းရို့~"
စကားတတ်တဲ့taekookလေးက
သူမြင်သလောက်သိသလောက်အကုန်လုံးကိုပြောပြတော့
ဂျောင်ကုစိတ်ပူလာပြီးဘာလုပ်လို့ဘာကိုင်ရမှန်းမသိ~
YOU ARE READING
~~ငွေ့~~{Complete}