"ဆေးဆရာကြီးဆီကဆေးက လိမ်းလည်းမပျောက်တော့ လာမယူဖြစ်တော့တာပါ"

Baekhyun ရဲ့စကားကြောင့် ဆရာတပည့်နှစ်ယောက်လုံး အီလည်လည်ရုပ်တွေဖြစ်သွားကြသလို ဖွားဖွားကလည်း Baekhyun ရဲ့ပေါင်ကို ဟန့်တားသလိုဖြင့်လာကိုင်သည်။အမှန်တရားကိုပြောတာမို့ Baekhyun ကတော့ပြောင်ပြောင်တင်းတင်းပင်။

စားပွဲပေါ်မှာတင်ထားတဲ့ဆေးဘူးတွေကို Baekhyun စူးစမ်းကြည့်လိုက်ပြီး

"ဒါ ဘာဆေးတွေလဲ"

"ဪ အဲ့ဒါက ဒူးနာခါးနာနဲ့အဆစ်အမြစ်ကိုက်ခဲတာတွေကို ပျောက်ကင်းစေတဲ့လိမ်းဆေးဆီလေ၊ ကျုပ်တို့ဆရာကြီး အသစ်ဖော်ထားတာ"

တပည့်ဖြစ်သူရဲ့စကားကို Baekhyun ခေါင်းတညိမ့်ညိမ့်လုပ်လိုက်ရင်း

"အင်း အဲ့တော့ ဒီဆေးဘူးတွေကိုယူလာပြီး ဘာလုပ်တာလဲ"

Baekhyun ရဲ့အမေးကြောင့် ဆရာတပည့်နှစ်ယောက်လုံးချောင်းတွေဟန့်ကုန်ကြသည်။

"ဆေးဆရာကြီးက အဖွားကိုဆေးလာရောင်းတာမြေးလေးရဲ့"

"ဒါပေမယ့် ဖွားဖွားရဲ့ခါးနာတာကပျောက်နေပြီလေ၊ ရွာကိုပရဟိတလာလုပ်တဲ့ ဒေါက်တာတို့ဆီမှာ ဆေးထိုးဆေးသောက်လုပ်လိုက်တော့ တော်တော်လေးသက်သာပြီးပျောက်သွားတာနော်၊ ဒေါက်တာတို့ရဲ့ ဆေးစွမ်းကတော့အံ့ဩစရာပါပဲ၊ တခြားဆေးတွေလိုမဟုတ်ဘူး"

ထိုအခိုက် Baekhyun ရဲ့စကားကို ဆေးဆရာကြီးရဲ့တပည့်ကမကျေမနပ်ဖြစ်သွားသည်။

"အဲ့လိုတော့မပြောပါနဲ့ Baekhyun ရဲ့၊ မင်းတို့ရဲ့ အဲ့ဒီဆရာဝန်တွေဆိုတာ မလာခင်တုန်းက ကျုပ်ဆရာကြီးကပဲ ရွာလေးရွာကလူတွေရဲ့ကျန်းမာရေးကို သူတတ်ကျွမ်းတဲ့ဆေးပညာနဲ့ ဂရုစိုက်ပေးခဲ့တာပါကွ"

"မဟုတ်ဘူးလို့ မပြောချင်ပေမယ့်လည်း အယောက်တစ်ရာမှာ ရှစ်ဆယ်လောက်က ရောဂါတစ်ခုခုဖြစ်လာရင် မြို့ကိုပဲအသည်းအသန်တက်ကြရတာမလား၊ ရွာလေးရွာလုံးမှာ ဆေးဆရာကြီးရဲ့ဆေးနဲ့တည့်တဲ့လူက ခပ်ရှားရှားရယ်"

ဒုန်း!

ဆေးဆရာကြီးဟာ Baekhyun ရဲ့အပြောတွေကိုသည်းမခံနိုင်တော့ဟန်ဖြင့် စားပွဲခုံကိုလက်နှင့်ရိုက်ကာ မတ်တပ်ထရပ်လိုက်သည်။Baekhyun ကတော့မမှုဘဲ မှုန်ကုပ်နေတဲ့မျက်နှာဖြင့်သာ ကြည့်နေပါသည်။

Perfect Love [onging]Where stories live. Discover now