"အမျိုးသမီးတွေကလည်းသန်မာကြတယ်"

"ဟုတ်တယ်၊ ကလေးမွေးပေးလိုက်ရတဲ့နှစ်ယောက်ဆို သုံးချက်ပြည့်အောင်တောင်မအော်ဘူး"

ယူနာနှင့်ယွန်းချယ်တို့ကလည်း Yunho ရဲ့စကားကို ဖြည့်စွက်ပေးကြပါသည်။

"ဘယ်လိုပဲဖြစ်ဖြစ် ရွာတွေရဲ့အနီးအနားမှာ ဆေးရုံဆေးခန်းရှိဖို့တော့လိုတာပေါ့"

Chanyeol တွေးတွေးစစပြောလိုက်ပြီးနောက် ထမင်းစစားရန်ပြင်လိုက်သည်။ထိုအချိန်

"ဦးရေ! ဦး!"

အချိန်ကိုက်ဆိုသလို ခေါ်သံစူးစူးလေးထွက်လာတာမို့ ထမင်းပန်းကန်ကိုပြန်ချထားလိုက်ပြီး အခန်းအပြင်ထွက်ကြည့်လိုက်တော့ အဒေါ်ဖြစ်သူကိုကူတွဲထားတဲ့ကောင်လေးက Chanyeol ကိုမြင်တာနဲ့ပြုံးပြပါသည်။

"ဘာဖြစ်တာလဲ ကောင်လေး"

Chanyeol လည်းကောင်လေးနှင့်အတူ ကောင်လေးရဲ့အဒေါ်ကို ကူတွဲပေးရင်းမေးလိုက်သည်။

"ဒေါ်ဒေါ်ကလေ တစ်လတစ်ခါဗိုက်နာတတ်တယ် ဦးရဲ့၊ အခုလည်း ဗိုက်နာနေလို့ ဆေးခန်းကိုခေါ်လာတာ"

ကောင်လေးရဲ့စကားကြောင့် ကောင်လေးရဲ့အဒေါ်ကို Chanyeol ကြည့်လိုက်တော့ သူမကမျက်နှာလွှဲနေသည်။

"ဒေါ်ဒေါ်ဘာမှမဖြစ်ဘူး Hyuneeရဲ့ ပြန်ရအောင်နော်"

"ဟင် ဒေါ်ဒေါ့်ရဲ့မျက်နှာကဖြူဖျော့နေတဲ့ဟာကို၊ ပြီးတော့ လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်ဘူး"

ကောင်လေးရဲ့အဒေါ် ဘာဖြစ်နေလဲဆိုတာကို Chanyeol သေချာသိလိုက်ပါသည်။

:

"ဒီဆေးကို အခုအိမ်ပြန်ရောက်တာနဲ့အစာစားပြီးသောက်လိုက်ပါ၊ သုံးရက်ဆက်တိုက်သောက်ပေး၊ ဘယ်အချိန်သောက်သောက်ရတယ်၊ အစာစားပြီးချိန်ဖြစ်ဖို့တော့လိုတယ်"

"ဟုတ်ကဲ့ပါ ဒေါက်တာ"

"ဒေါ်ဒေါ်ဘာဖြစ်တာလဲဟင် ဦး"

ကောင်လေးကို Chanyeol ပြုံးပြလိုက်ပြီး

"မိန်းကလေးရောဂါပါ၊ ဘာမှစိုးရိမ်စရာမရှိဘူး"

Chanyeol ရဲ့စကားကို ကောင်လေးကတွေးတွေးဆဆဖြင့် ခေါင်းလေးဖြည်းဖြည်းချင်းညိမ့်ပြသည်။

Perfect Love [onging]Where stories live. Discover now