"အဲ့တာဆို ကျွန်တော်ပြန်တော့မယ်လေ
သားသားလဲဗိုက်ဆာနေတော့မယ်~"
"အေးအေး ဖြည်းဖြည်းပြန်ဦး~"
"Nae~"
ဂျောင်ကုတစ်ယောက်အာလူးသီးသုံးလေးလုံးယူကာအိမ်ပြန်ဖို့
သူ့သားဆီသွားတော့သူ့သားtaekookက
မြေကြီးတွေနဲ့ဆော့ထားလိုက်တာ
တစ်ကိုယ်လုံးညစ်ပတ်လို့~
"အိမ်ပြန်ရအောင်သားသား
တစ်ကိုယ်လုံးညစ်ပတ်နေပြီ~"
"ပွေ့~~မားမားပွေ့~"
"အကျင့်ပုပ်လေး ထပ်ပြီးလမ်းမလျှောက်ချင်ပြန်ဘူးလား~"
ဘယ်လောက်ဘဲသူကဗိုက်ဖောင်းဖောင်းနဲ့ဖြစ်နေပါစေ
taekookလေးကအခုမှလမ်းလျှောက်တတ်စ
အရမ်းငယ်သေးတဲ့ကလေးမို့မဆူမငေါက်ဘဲပွေ့ပေးလေရဲ့~
"ပါးပါးပြန်လာရင်သားအတွက်မုန့်တွေပါလာမှာ
ဒီနေ့ကစောစောပြန်မှာတဲ့~"
"ပါပါး..ပါပါး ရာရာ~"
"မြင်တတ်တယ်ကောသူ့ပါးပါးကို~"
သူတို့ပြောနေတုန်းမှာ သူတို့ဆီပြေးလာနေတဲ့
ထယ်ယောင်းကိုမြင်တာနဲ့
taekookလေးကမြူးထူးပျော်ပါးပြီး
ထယ်ယောင်းဘက်လက်လှန်းနေတော့တာ~
"အစ်ကိုအသေးလေးကတော့လေ မနိုင်မနင်းနဲ့
ကလေးပွေ့ပြန်ပြီ ချော်လဲလိုက်မှဖြင့် ရင်ကျိုးရချည်ရဲ့~"
"အဲ့လောက်လဲမဟုတ်ပါဘူးမောင်ရယ်~"
"ပါးပါးဆီလာသား...မွ ညစ်ပတ်နေတာဘဲရော~"
သူ့ကိုရောtaekookကိုပါအရမ်းကရုစိုက်တဲ့ထယ်ယောင်းကမမွေးသေးတဲ့ဗိုက်ထဲကကလေးကိုပါကရုစိုက်တာမို့
ဂျောင်ကုမျက်နှာမှာအပြုံးမပျက်ရ~
"ပါးပါး...မုန့်မုန့် ပေး~"
"ဒါတော့ပီတယ်ရော မပေးသေးဘူးအရင်ဆုံးသန့်ရှင်းရေးလုပ်ရမယ်~"
"ပေး...အဟင့်...အဟင့်~"
"အဲ့လိုမဆိုးရဘူး သားသားလက်ကညစ်ပတ်နေတာလေ
မုန့်ဘယ်လိုယူစားမှာလဲ~"
"အိမ်ရောက်တာနဲ့ထမင်းအရင်ကျွေးရမှာ
မောင့်သားကမုန့်စားနေရင်ထမင်းကျွေးမရဘူး~"
YOU ARE READING
~~ငွေ့~~{Complete}