"မာမာ~"
"ဟုတ်သား မားမားသားလေးအေးနေတော့မယ်
နောက်မှစကားဆက်ရအောင်အဒေါ်ကြီးတို့ရေ
သားလေးချမ်းနေပြီ~"
"အေးပါ အဝတ်အစားတွေပါရဲ့လား~"
"သားသားအတွက် သူးပါးပါးယူခဲ့တယ်~"
ဘုရားကျောင်းလာတဲ့လမ်းမှာတွေ့တဲ့လူမရှိတော့တဲ့ဆိုင်က
ကလေးအဝတ်စားအထပ်လိုက်ကိုဆွဲယူခဲ့တဲ့ထယ်ယောင်းရဲ့ကျေးဇူးကြောင့်Taekookလေးကဒုက္ခရောက်နေချိန်မှာတောင်အဝတ်စားအသစ်နဲ့~ဂျောင်ကုကတော့ထောက်ပံ့ပေးထားတဲ့ရိုးရာအင်္ကျီနဲ့သာ~
"ပါပါ...ပါပါ~"
"ပါးပါးဆီမသွားနဲ့ဦးသားလေး ပါးပါးအိပ်ပါစေဦး~"
အဖေစွဲကြီးဖြစ်နေတဲ့taekookလေးက
အိပ်ပျော်နေတဲ့ထယ်ယောင်းအပေါ်ကုပ်တက်နေလို့
ဂျောင်ကုကပွေ့ချီပြီး အပြင်ထွက်အဒေါ်ကြီးတွေဆီသွားရာ
အဒေါ်ကြီးတွေက အာလူးတွေစိုက်နေကြတာ~
"ကျွန်တော်လဲစိုက်ကူမယ်လေ~"
"ကလေးငယ်ကြီးနဲ့ကို အေးဆေးနေပါဂျောင်ကုရယ်~"
"အများတကာအလုပ်လုပ်နေပြီး
တစ်ယောက်တည်းအေးဆေးနေနေတော့တစ်မျိုးကြီးဘဲ~"
"ဘာမှမဖြစ်ပါဘူး ဘယ်သူမှဘာမှမပြောဘူး
အခုမှရောက်တာကိုနားနားနေနေနေဦး~"
ရာသီဥတုကအေး မြေပေါ်မှာကနှင်းတွေချည်းဘဲမို့
စိုက်ပျိုးရတာလဲမလွယ်သလိုဖြစ်ထွန်းဖို့လဲမလွယ်ဘေမဲ့
ကြိုးစားပြီးစိုက်ပျိုးနေကြသူတွေကတော့မျှော်လင့်ချက်တွေနဲ့~
"ခေါင်းဆောင်နဲ့အဆက်အသွယ်မရတာစစ်စဖြစ်တဲ့နေ့ကတည်းကဘဲ~"
"ဟုတ်လား အဆက်အသွယ်ရရင်ကျွန်တော့်ကို
ချက်ချင်းအသိပေးပေးပါနော်~"
"ဟုတ်ကဲ့ပါ~"
ထယ်ယောင်းတစ်ယောက် သူတို့ရောက်နေတဲ့
စစ်ရှောင်နေရာရဲ့ခေါင်းဆောင်ဆီသူ့အစ်ကိုသတင်းသွားမေးတော့စိုးရိမ်စရာအခြေနေဆိုဘေမဲ့မျှော်လင့်ချက်လေးကတော့ထားနေတုန်း~
"မောင် ဘယ်တွေသွားနေတာလဲ~"
"ဒီရွာရဲ့ခေါင်းဆောင်ဆီသွားတာအစ်ကိုအသေးလေးရဲ့
ဘာမှမပြောဘဲသွားလိုက်လို့စိတ်ဆိုးနေတာလား~"
YOU ARE READING
~~ငွေ့~~{Complete}